MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

နယူးယောက်မြို့မှာ ဦးကျော်သူရဲ့ အနုပညာ လက်ရာ ပထမဆုံး ထွက်ပေါက်ပန်းချီ ပြပွဲ ခင်းကျင်းပြသ

 မေလ(၁)ရက်နေ့ကတည်းက အမေရိကန် ပြည်ထောင်စုတွင်
 ရောက်ရှိနေသည့်သားဖြစ်သူထံအလည် အပတ် ရောက်ရှိနေခြင်း ဖြစ်သလို၊ ပြည်သူ့ ဂုဏ်ရည် အဖွဲ့၏ ဖိတ်ကြားချက်ဖြင့်အမေရိကန်ပည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိနေသူ ဦးကျော်သူသည် မေလ၆ရက်နေ့က ဆန်ဖရန်စစ္စကို မြို့၊မေလ၁၂ရက်နေ့က ဆီယက်တယ်မြို့၊ မေလ ၁၃ ရက်နေ့ကအရီဇိုးနားမြို့၊မေလ၁၈ရက်နေ့ကမရီလန်းမြို့၊မလ၂ဝရက်နေ့က နယူးယောက်မြို့၊ မေလ၂၆ရက်နေ့က အော်ဘာနီမြို့စ သည့် အမေရိကန်ပြည်ထောင်စု အနှံ့ရှိ ပြည်သူ့ဂုဏ်ရည် ဌာနခွဲများ ရှိရာမြို့များသို့ လှည့်လှည်
သွားရောက်၍ မြန်မာမိသားစုများနှင့် တွေ့ဆုံကာ နာရေး ကူညီမှု အသင်းကြီး အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ မေလ၂၇ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြင့်ပွဲ အခမ်းအနားကို တက်ရောက်ကာ ဆုလက်ခံရယူခဲ့သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု၊  နယူးယောက်မြို့ PROJECT REACH မှာ မေလ ၂၅ ရက်မှ ၂၇ ရက် အထိ ခင်းကျင်းပြသခဲ့ သည့် ‘ပထမဆုံး ထွက်ပေါက်’  (First Break-out) အမည်ရှိ ပန်းချီပြပွဲတွင် ရုပ်ရှင်သရုပ် ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ စသည့် ဘွဲ့ဂုဏ်ထူး အမျိုးမျိုးတွင်သူ ဦးကျော်သူက အများပြည်သူ ရှေ့မှောက်၌ ပထမဆုံး ပွဲဦးထွက်ခြေလှမ်းအဖြစ် ပြသခဲ့သော ပန်းချီပြပွဲ ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၅ရက်နေ့ ညနေ၆နာရီမှ ည၈နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ဆီဆေးပန်းချီကား ၂ဝ ကျော် ခင်းကျင်းပြသခဲ့ရာ နယူးယောက် မြို့ရှိ အနုပညာ စိတ်ဝင်စား သူများနှင့် ဦးကျော်သူ ကိုလေးစားသူ ပရိသတ် ၇ဝ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဖွင့်ပွဲ နေ့ရက်မှာပင် အမေရိကန်ဒေါ်လာ ၇၄ဝဝ တန်ဖိုးရှိ ပန်းချီ ကား ၉ ကား ရောင်းချခဲ့ရပြီး ပန်းချီကား အများစုမှာ တစ်စုံတစ်ရာကို နင့်နင့် သီးသီး ခံစားနေရသူ တစ်ဦးက ရင်ဖွင့် ပြောပြချင်နေသော စကားသံများ အား စုတ်ချက်တွေ ဖြင့် ဖွင့်ဆိုပြသနေသည်ဟု တက်ရောက် ကြည့်ရှုသူ များကထင်မြင်၊ ခံစား ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုပြပွဲဖြစ်မြောက်ရေးတွင် မင်းကျော်ခိုင်၊ ကျော်စွာသန့်နှင့် ချောအိသိမ်းတို့၏ art@apart ကစီစဉ်ပေး ခြင်းဖြစ်ပြီး PROJECT REACH မှ ပြခန်းနေရာကို တာဝန် ယူခဲ့ကြောင်း သိရသည်။ ဦးကျော်သူသည် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ပန်းချီကားများကို တစိုက်မတ်မတ်ရေး ဆွဲဖြစ်ခဲ့ပြီး သူ့မွေးနေ့တွင် တစ်ကြိမ်နှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက် မွေးနေ့တွင် တစ်ကြိမ် ရန်ကုန်နေအိမ်၌ မိတ်ဆွေ သင်္ဂဟများ၊ အနုပညာရှင်များ ကိုဖိတ်ကြား ပြသခဲ့ဖူးကြောင်း သိရသည်။
ဦးကျော်သူက ပန်းချီကားများကို ကင်းဘတ်စ အတိုင်း မြန်မာပြည်က ယူ ဆောင်လာခဲ့ပြီး နယူးယောက် မြို့ရောက်ခါမှ ဘောင်သွင်းကာ ပန်းချီကား အဖြစ် ဖန်တီးဖြစ် ရာ၊ ရွှေဝါကကူညီပေးခဲ့ကြောင်း၊ ကြော်ငြာ ဒီဇိုင်းကို ထွေးကျင်၊ ပို့စကတ်ကို ကျော်စွာသိန်း၊ ပြခန်းကိစ္စကို ချောအိသိမ်းနှင့် အခမ်းအနားကိစ္စကို စိုင်းခေးတို့က အကူ အညီ ပေးခဲ့ကြောင်း သိရသည်။
”ကျွန်တော့်ကို အားပေးသူ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။ နယူးယောက် မှာလည်း လာရောက်အားပေးတဲ့ ဝါသနာရှင်တွေ၊ ပညာရှင်တွေ ၊၊ ပြည်သူ ပြည် သား အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်မံပြီး ရေးဆွဲဖို့၊ ပွဲတွေ ဖြစ်မြောက်ဖို့ ကြိုးစားပါဦးမယ်။ ပြည်တွင်းမှာ အနုပညာ လွတ်လပ်ခွင့် ရပြီလို့ ပြော တယ်။ ရရင် ကျွန်တော် ပွဲအကြီးတွေ လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ အချိန် တော့ယူရဦးမှာပါ” ဟု ပန်းချီပြပွဲ တက်ရောက်သူ များကို ကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက်ပြီး ပန်းချီပြပွဲ များ ပြုလုပ်နိုင်ဖို့ ကြိုးစားအားထုတ် သွားမည့် အကြောင်း ဦးကျော်သူကပြောသည်။
ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သူ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ မောင်စွမ်းရည်က ”ကိုကျော်သူကို ရုပ်ရှင် သရုပ်ဆောင် အနေ နဲ့သာသိခဲ့တာ။ အခုလို နယူးယောက်မှာ ပြပွဲလုပ်မယ် ဆိုတာ သိရတော့ သိပ်အံ့သြသွားခဲ့တယ်။ ပြပွဲလုပ်တော့ ပန်းချီ ကားများကို ကြည့်ဖြစ်တဲ့ အခါမှာလည်း အနုပညာ ဖန်တီးမှု စွမ်းအား ရှိတာ၊ ဖန်တီးရဲတဲ့ သတ္တိ ရှိတာကိုတွေ့ရတော့ ချီးကျူးမိပါ တယ်” ဟု  ပြောကြားခဲ့သည်။


PopularMyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။