‘ ဘယ်နှစ် ဧကရင်းနှီးမြှပ်နှံမယ်ဆိုတာတော့ မသိသေးဘူး၊ လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်မြေတွေမှာပဲ အကျိုးတူ လယ်ယာစနစ်အသုံးပြုသွား မှာပါ’ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှ င်များအသင်းမှ ဦးစိုးထွန်းက ပြောသည်။မြန်မာ့ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံ ဗီနာရင်းနှီးမြှပ်နှံမှုကုမ္ပဏီမှ ဒေါ်လာသန်းတစ်ရာ လာရောက် ရင်းနှီးမြုပ်နှံရန် သဘာတူစာချုပ်အား ၂၀၁၂
ခုနှစ် ဇွန်လပိုင်းတွင် ဒုတိယအကြိမ်မြောက်အပြီးသတ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
အဆိုပါကုမ္ပဏီနှင့် ပထမအကြိမ်သဘောလက်မှတ်ရေးထိုးမှု အား ၂၀၁၂ခုနှစ်၊ မတ်လအတွင်းကပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ပြည်ပသို့ ဆန်စပါးတင်ပို့ရောင်းချသောဈေး ကွက်အား
ဗီယက်နမ်က ရှာဖွေမည်ဖြစ်ကြောင်း၊ အကျိုးအမြတ်အား ပထမအကြိမ်ရေးထိုးရာတွင်
ဗီယက်နမ်နိုင်ငံမှ ၇၀% ၊ မြန်မာနိုင်ငံမှ ၃၀% ရှယ်ယာခွဲမည်ဟု
ဆုံးဖြတ်ခဲ့သော် လည်း ယခုလပြုလုပ်မည့် အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ ၄၉%
၊ မြန်မာနိုင်ငံမှ ၅၁% ရှယ်ယာခွဲဝေမည် ဖြစ်သည်။
“အကြမ်းဖျင်း
MOU တော့ ထိုးပြီးသွားပြီ။ ဒီလထဲမှာ အပြီးသတ်ထိုးဖို့ရှိတယ်။ ပြီးရင်
မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ မှတ်ပုံတင် ခွင့်တင်ပြီး
စဆောင်ရွက်မှာပါ။ လက်ရှိမှာ ဗီယက်နမ်က ဆန်ထွက်နှုန်းကောင်းတယ်၊
ဆန်အရည်အသွေးကောင်းတယ် ဆိုတော့ သူတို့ဆီက မျိုးစေ့တွေနဲ့ နည်းပညာတွေ
အသုံးပြူမှာပါ” ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ပြည်ပမှ လာရောက်ရင်းနှီးမြှပ်နှံသူများ ရှိလာသည့်အတွက်အကျိုးတူပူးပေါင်းသည့်နေရာတွင် မြန်မာလယ်သမား များဘက်က ကြုံတွေ့ရနိုင်သော နစ်နာနိုင်ခြေများကြုံများနှင့် ပတ်သက်၍ တိုင်းစိုက်ပျိုးရေးမန်နေဂျာ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“အရင်ကလို
တဖက်သတ် အမိန့်အာဏာတွေနဲ့ လုပ်တဲ့ခေတ်မဟုတ်တော့အတွက် လယ်သမားတွေအနေနဲ့
လက်ရှိရပ်တည်နေတဲ့ နေရာကနေ ပိုပြီးမြင့်နိုင်အောင်လို့ နိုင်ငံတော်က
လုပ်ပေးနေတယ်။ ဒီလိုနိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ လာတဲ့အတွက်
မြန်မာနိုင်ငံကလယ် သမားတွေ နေရာတွေရလာနိုင်မယ်၊ လုပ်ခွင့်ရလာ မယ်ဆိုရင်
ဆုံးရှုံးနစ်နာမှုတွေ မရှိလာနိုင်ဘူးလို့ မြင် ပါတယ် ” ဟု
တိုင်းစိုက်ပျိုးရေးမန်နေဂျာ ဦးတင်အောင်ဝင်း က သုံးသပ်ပြောဆိုထားသည်။
ယမင်း(မြစ်မခ)
No comments:
Post a Comment