MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

ဆက်သွယ်ရေးဝန်ကြီးရဲ့ ကိုယ်ကျိုးရှာစီးပွား


 
မိုးမခပေးစာ
ဇွန် ၂၊ ၂၀၁၂
• ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ၏ ကိုယ်ကျိုးရှာလုပ်စားနေမှုများ အား ဖော်ထုတ်အရေးယူပေးပါရန်
ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ လက်ရှိ မန်းနေဂျင်းဒါရိုက်တာရာထူးနေရာယူထားသော ဦးဣဒ္ဓိလှသည် ယခုလက်ရှိ MPT မှ ရောင်းချ လျှက်ရှိသော GSM Mobile Phone သန်း (၃၀) စီမံကိန်းမှ ၂ သိန်းတန် ဖုန်းကဒ်များကို နောက်ကွယ်တွင် သူနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်လျှက်ရှိသော တပည့်များမှတဆင့် ကုမ္ပဏီများမှ တရားဝင်မရောင်းချခင်ကပင် မြို့အသီးသီးရှိဖုန်းဆိုင်များနှင့် ချိတ်ဆက်၍ ကြိုတင်ရောင်းချခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် GSM Phone Card များသည် အမှန်တကယ် ရောင်ချခွင့်ရက်မတိုင်ခင်ကပင်
ဆိုင်အသီးသီး၌ ကြိုတင်ဝယ်ယူရရှိနိုင်ကြပြီး ဆိုင်များမှလည်း ဖုန်းကဒ်များအား မည်သည့်နေ့တွင် လိုင်းပွင့်မည် စသည်ဖြင့် လိမ်လည်ပြော ဆိုကာ ရောင်းချခဲ့ပါသည်။ လက်ရှိရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများသည်လည်း ကိုယ်စားလှယ်အဖြစ် ရရှိရေးအတွက် နောက်ကွယ်တွင် လာဘ်ငွေများပေးကမ်း၍ ခွင့်ပြုမိန့်များကို ရယူခဲ့ကြပါသည်။ထို့အပြင် ဖုန်းနံပါတ်အလှ လေးလုံးတွဲ ငါးလုံးတွဲများကိုလည်း ငွေကျပ် သိန်း ပေါင်းများစွာယူ၍ ပြည်နယ်နှင့်တိုင်းများတွင် သူ၏လက်မှတ်ဖြင့် တပည့်များမှတဆင့် ထုတ်ယူရောင်းချလျှက်ရှိပါသည်။
ဦးဣဒ္ဓိလမှာ ယခင်နအဖ စစ်အစိုးရ စစ်တပ်၏ဗိုလ်မှူးရာထူးမှ အရပ်ဖက်ဆက်သွယ်ရေးသို့ ပြောင်းရွှေ့လာသူဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်ပတ်သတ်ပြီး လုပ်ငန်းတွေ့အကြုံနှင့် နည်းပညာပိုင်းတို့တွင်လည်း ကျွမ်းကျင်မှုမရှိပါ။ သို့သော်လည်း သူ၏ဖခင် ဒေါက်တာ ဦးသာလှ နှင့်နီးစပ်ရာ လူကြီးအသိုင်းအ၀ိုင်း အကူအညီ၊ ကြံ့ခိုင်ရေးပါတီအားကိုးဖြင့် ယခုလက်ရှိရာထူးနေရာအထိ ရရှိထားသူဖြစ်ပါသည်။ ဆက်သွယ် ရေးဌာန အတွင်းပိုင်းတွင် လည်း နေရာကောင်းရယူလိုသူများကိုလည်း လာဘ်ငွေများရယူပြီး လက်ရှိအချိန်ထိ ဆောင်ရွက်ပေးလျှက်ရှိပါ သည်။ ထို့အပြင် မန္တလေးတိုင်းမန်နေဂျာဘ၀တွင်လည်းကောင်း၊ GM ဘ၀ တွင်လည်းကောင်း၊ အော်တိုကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကို အခ ကြေးငွေယူ၍လည်း ကိုယ်ကျိုးရှာလုပ်စားခဲ့ပါသည်။
၎င်းလုပ်ပိုင်ခွင့်ရရှိသည့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း Phone Board ထိုင်လျှင်လည်း ငွေပေးနိုင်သောသူများကိုသာ ဖုန်းများကိုချ ပေးခဲ့ပါသည်။ ဖုန်းဈေးများကောင်းနေစဉ်အတွင်း ကြိုးဖုန်းတစ်လုံးကို ကျပ်သိန်း ၂၀ မှ ၃၀ အထိယူခဲ့ပါသည်။ ဖုန်းများဈေးတက်လျှင် ငွေ ပိုတောင်း၍ ဖုန်းဈေးများကျလျှင် ငွေပြန်မအမ်းပါ။ မိုးဘိုင်းဖုန်းများကို ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ အပိုကြေးကောက်ခံ၍ ကိုယ်ကျိုးရှာ ခဲ့ပါသည်။
မန္တလေးတိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ အမျိုးသမီးနှင့်ပူးပေါင်း၍ Phone Board များတွင် အေးဂျင့်အဖြစ် ဆောင်ရွက်စေခြင်း၊ ဖုန်းဘီလ်သွင်းသောငွေများ၊MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲ ထို ငွေများဖြင့် မြေအရောင်းအ၀ယ်လုပ်ခြင်း ပွဲရုံများလုပ်ခြင်း စသည်ဖြင့် ကိုယ်ကျိုးရှာသုံးစွဲခဲ့ပါသည်။ ထိုငွေများကို ရန်ကုန်မြို့တွင် လုံးချင်း တိုက်များ၊ ကားများ ၀ယ်ယူခဲ့ပါသည်။ ဌာနမှလူကြီးများ မန္တလေးမြို့သို့လာလျှင် ဧည့်ခံစရိတ်ကို နှစ်ဆသုံးဆတင်ပြ ၍ ကိုယ်ကျိုးရှာခဲ့ပါသည်။
အဆိုးဆုံးမှာ မန္တလေးမြို့ ၆၆ လမ်း ၂၂x၂၃ လမ်းကြား ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာမှ ၀န်ထမ်းတစ်ဦး၏နေအိမ်တွင် ဆေးခြောက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ရာတွင်လည်း ယခုလက်ရှိ MD (ယခင် မန္တလေးတိုင်းမန်နေဂျာ) သည် ထိုဝန်ထမ်းကို အရေးယူမခံ ရအောင်ကာကွယ်ပေးခဲ့ပါသည်။ ထိုဝန်ထမ်းမှာ သူ၏တူတော်စပ်ပြီး ယခုလက်ရှိတွင် မန္တလေး GSM Radio ဌာနတွင် အငယ်တန်းအင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
သို့ဖြစ်ပါ၍ ယနေ့ Clean Government Good Government ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့သော ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလ၏နောက်ကွယ်တွင် ကိုယ်ကျိုးရှာလုပ်စားဆောင်ရွက်နေမှုများအား ထုတ်ဖော် အရေးယူပေးစေ လိုပါကြောင်း တင်ပြတိုင်ကြားအပ်ပါသည်။

 မိုးမခ
http://moemaka.com/2012/06/23947/

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။