MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း စတင်ပြောင်းလဲ ပြေးဆွဲလာ



5105 
မိုးရွာသွန်းမှုစတင်လာပြီးဖြစ်သဖြင့် ကလေးဝ-ယာကြီး-မုံရွာလမ်းတွင် သွားလာမှုများ
ပြတ်တောက်ခဲ့စဉ်။

ချင်းတောင်နှင့် ချင်းတောင်ခြေ ဒေသများတွင် မိုးရွာသွန်းမှု စတင်လာပြီဖြစ်သဖြင့် ကလေးဝ- ယာကြီး-မုံရွာလမ်းမှာ သွားလာမှုများ ပြတ်တောက်ခဲ့ပြီး ကလေးမြို့- ဂန့်ဂေါ- မုံရွာ-မန္တလေးလမ်း ကြောင်းကို ပြောင်းလဲပြေးဆွဲလာသည်ဟု သိရှိရပါသည်။“ယာကြီးလမ်းက မိုးကျလာရင် မသွားတော့ဘူး။ လမ်းမှာကားတွေ ပိတ်မိကုန်တယ်။ ဒါကြောင့် ဂန့်ဂေါလမ်းဘက်ကနေပြီး လမ်းကြောင်းပြောင်းလဲ ပြေးဆွဲနေတာပါ။ မေလကုန်၊ ဇွန်လဆန်းမှာ
ချင်း တောင်၊ ချင်းတောင်ခြေနဲ့ ကဘော် ဒေသတွေမှာ မိုးစတင်ရွာသွန်းပြီး မိုးရွာသွန်းမှုကလည်း တော်တော်များတယ်။ နယ်စပ်မှာကလည်း အရောင်းအ၀ယ်တွေကခပ်အေးအေး ဖြစ်နေပါတယ်။ ငွေလဲနှုန်းတွေ ကျလာတော့ အရောင်းအ၀ယ်လုပ်ရတာ သိပ်တွက်ခြေမကိုက်ဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောပါသည်။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ် ရေး၏သွားလာမှုမှာ ပွင့်လင်းရာသီ ကာလအတွင်းတွင် တမူး- ကလေးဝ-ယာကြီး-မုံရွာ- မန္တလေးလမ်းကို အသုံးပြုခဲ့သော်လည်း မိုးရွာသည်နှင့် တစ်ပြိုင်နက် တမူး-ကလေးမြို့-ဂန့်ဂေါ-မုံရွာ- မန္တလေးမြို့လမ်းကို ပြန်လည် အသုံးပြုလာရသည်။
“ယာကြီးလမ်းဘက်က လမ်းကြောင်းတိုတယ်။ ကားမောင်းချိန်လည်း နည်းတယ်။ ဂန့်ဂေါလမ်း ဘက်က ပတ်သွားမယ်ဆိုရင် မိုင်အရေအတွက်နဲ့ဆိုရင် မိုင် ၅၀ ကျော် လောက်ပိုပြီး အချိန်နဲ့ဆိုရင် လေး၊ ငါး၊ ခြောက်နာရီလောက် ပိုမယ်ထင်တယ်။ ကားသမားတွေအနေနဲ့လည်း ကားမောင်းရတာမလွယ်သလို၊ စီးရ တဲ့ ခရီးသည်တွေအနေနဲ့လည်း ခရီးတော်တော် ပင်ပန်းပါတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဇွန်လ၁ရက်နေ့တွင် မန္တလေး မြို့မှထွက်လာသော လိုင်းကားများ အဆိုပါ မုံရွာ-ဂန့်ဂေါလမ်းတွင် ကုန်တင်ကားတစ်စီး ပိတ်ဆို့မှုကြောင့် ကားအ၀င်နောက်ကျခဲ့သည် ဟု ခရီးသည်တင်ယာဉ်လိုင်းတစ်ခု မှ သိရသည်။ 


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။