MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 14, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ ဒီမိုကရေစီအရေး အတားအဆီးဟု ကွင်တားနား ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် နိုင်ငံ့အနာဂတ် ဒီမိုကရေစီရေးအတွက် ကြီးမားသည့် အတားအဆီးတခုဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဟေး ကွင်တားနား သတိပေး ပြောကြားလိုက်သည်။
“တင်းမာမှုများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူပြောင်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အတားအဆီး ဖြစ်ပေါ်နေပြီး တရားဥပဒေကို လေးစားဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ကျနော် တိုက်တွန်းပါတယ်” ဟု ကွင်တားနား၏ ပြောကြားချက်ကို ကုလသမဂ္ဂ ပြန်ကြားရေးဌာန (ရန်ကုန်)
၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၃ ရက်နေ့ နေ့စွဲဖြင့် ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ဇွန်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ လူပေါင်း ၂၁ ဦးသေဆုံးခဲ့ ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ရေးသားသည်။ ယင်းအပြင် လူနေအိမ် ၁၆၆၂ လုံး၊ ဆိုင်ခန်း ခြောက်ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီးတို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

dsmeetquentana1
တင်းမာမှုများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူပြောင်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အတားအဆီး ဖြစ်ပေါ်နေပြီး တရားဥပဒေကို လေးစားဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ကျနော် တိုက်တွန်းပါတယ် ဟု ကွင်တားနား၏ ပြော (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါ ပဋိပက္ခ အခြေအနေများသည် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ထိခိုက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေနိုင်သည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁ဝ ရက်နေ့ မိန့်ခွန်းတွင် သတိပေး
ပြောကြားသွား သေးသည်။

“အသွင် ကူးပြောင်းစသာရှိသေးတဲ့ ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်” ဟု ပြောသွားသည်။

မေလ ၂၈ ရက်နေ့မှ အစပြုခဲ့သည့် ပဋိပက္ခများသည် ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဇွန်လ ၁ဝ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေအဖြစ် အမိန့်အမှတ် ၁/၂၁၀၂ ကို ဦးသိန်းစိန်အစိုးရမှ ထုတ်ပြန်
ကြေညာခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအား ဘာသာရေး ပဋိပက္ခများအဖြစ် မီးမောင်းထိုး သတင်း ထုတ်ပြန်မှုမလုပ်ရန် ပြည်ပမီဒီယာများနှင့် ဗြိတိန်အခြေစိုက် NGO တခုကို အမျိုးသားရေးဝါဒီများက  ကြာသပတေးနေ့ နံနက်တွင် ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးရှေ့၌ ဆန္ဒပြ တောင်းဆိုမှုတခု ခေတ္တပြုလုပ်ခဲ့ကြသေးသည်။

သတင်းမီဒီယာများ၏ ဖေါ်ပြချက်များနှင့် ပတ်သက်၍လည်း “အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် သတင်း မီဒီယာများအနေဖြင့်လည်း တာဝန်သိစိတ်ဖြင့် သတင်းများ ရေးသားရန် လိုအပ်ပါတယ်” ဟု ကွင်တားနားက သတိပေး ပြောဆိုလိုက်သည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။