MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 16, 2012

နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား

ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘ၀ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။
AFP
နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမတွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော နိုဘဲလ်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဘဲလ်ဆုအတွက် မိန့်ခွန်းပြောဆိုနေစဉ်။

နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ နော်ဝေစံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။

“ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှု ဘ၀တွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘ၀လို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူသားတွေရဲ့ ခံစားမှုတွေဟာ ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူမီးလို တောက်လောင်နေပါတယ်။ ကျမရဲ့ တိုင်းပြည် မြန်မာပြည် မြောက်ပိုင်းမှာဆိုရင်လည်း ပဋိပက္ခတွေ မချုပ်ငြိမ်းသေးသလို ကျမ ဒီခရီးစဉ် မထွက်လာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာပြည် အနောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မီးလောင်တာ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ အလားတူပါပဲ တခြားဒေသတွေမှာလည်း အငတ်ဘေး၊ အလုပ်လက်မဲ့ ၊ ဆင်းရဲမွဲတေမှု စတဲ့ စတဲ့ အရာအားလုံးဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူအခွင့်အရေး လှုပ်ရှားမှု အခန်းကဏ္ဍကို မှတ်တမ်းတင် ဂုဏ်ပြုပေးလိုက်တာလို့ ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တနည်းအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို တကမ္ဘာလုံးက မမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲလို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘဲလ်ဆု ချီးမြင့်ပွဲကို တက်ရောက်နေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို RFA ၀ါရှင်တန်ဒီစီရုံးချုပ်ကနေ ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။