MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 16, 2012

ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။
အဆိုပါ ရေကြီးရေလျံမှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ပုံမှန်မိုးရွာသွန်းမှုဖြစ်စဉ်သာ ဖြစ်သော်လည်း  ဥရုချောင်းတွင်း ချောင်းကြမ်းပြင် မြင့်တက်နေခြင်းကြောင့်
 ချောင်းကမ်းတစ်လျောက်ရှိ ကျေးရွာများနှင့် မြေနိမ့်ရာ
မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှု ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

''ချောင်းရေစီးက ကျဉ်းတော့ ရွာတွေကို ရေ၀င်လာတယ်။ မြို့ပေါ်မှာလည်း ငှက်ပျောတောရပ်ကွက်က သုံးပုံနှစ်ပုံလောက် ရေ၀င်နေတယ်။ မြို့မရပ်ကွက်လည်း ပါတယ်။ ဆိုင်းတောင်ကျေးရွာဆိုလည်း ရေမြုပ်နေတယ်။ အိမ်ခြေ ၁၀၀ လောက်ရှိမှာပေါ့။ ရွာအနိမ့်ပိုင်းတွေကတော့ ရေ၀င်နေတာပေါ့။ အခုထိ ရေပြန်မကျသေးပါဘူး''ဟု ဖားကန့်မြို့နယ်မှ ကိုဇော်မိုးထက်က ဇွန်လ ၁၅ ရက်နေ့က ပြောပြသည်။

ဥရုချောင်းသည် ကျောက်စိမ်းတူးဖော်ခြင်းမှ စွန့်ပစ်သော မြေစာများကြောင့် ချောင်းကြမ်းပြင် မြင့်တက်ခြင်း၊ ချောင်း၏ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းကို ကြုံတွေ့နေရပြီး နှစ်စဉ်လိုပင် ရေကြီးရေလျံခြင်းကို ရင်ဆိုင်လာရသည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများ ရပ်နားထားပြီဖြစ်သည့်အတွက် ရွှေ့ပြောင်းလုပ်သားများ ထွက်ခွာသွားပြီဖြစ်ကာ မြို့နယ်တွင်း လူဦးရေထက်ဝက်ခန့် လျော့နည်းသွားကြောင်း၊ ကုမ္ပဏီများမှ လုပ်ကွက်များတွင် အစောင့်သဘော ကျန်ရစ်သူများနှင့် ဒေသခံများသာ ဖားကန့်ဒေသတွင်း နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
''မြောင်းတွေကတောင် ရေမစီးနိုင်တော့ဘူး။ စီးစရာလည်းမရှိတော့ဘူး။ ရေပဲလျံလာတော့တယ်။ ဥရုချောင်းကို ဖြတ်ထားတဲ့ တံတားတချို့လည်း ပျက်စီးတယ်။ အခု ဆိုင်းတောင်ကနေ ဖားကန့်ကို သွားလာ စရိတ်ကအရင် ကျပ် ၃၀၀၀ လောက်ကုန်ရင် အခုအဆင့်ဆင့်သွားရလို့ အခု ကျပ် ၅၀၀၀ လောက်ကုန်ပါတယ်။ ကျောင်းသားတွေကတော့ ကျောင်းတက်ဖို့တောင် အခက်အခဲတွေဖြစ်နေတယ်''ဟု ဖားကန့်မြို့ နယ်မှ ကိုဇော်မိုးထက်က ပြောပြခဲ့သည်။

၂၀၀၉ ခုနှစ်က ဥရုချောင်းရေ လျံမှုကြောင့် ဖားကန့်မြို့နယ်တွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၃ ဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာနှင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ ကဋေမော် စသောဒေသတို့၌ ရေနစ်မြုပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်ရောက်သည်အထိ ရေမြင့်တက်ခဲ့ကြောင်း သိရှိရသည်။


 News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။