MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ယူရို ၂ဝ၁၂ ပွဲစဉ်များတွင် လူမျိုးရေးခွဲခြားမှုအား နိုင်ငံတကာမှ ကြီးကြပ်စစ်ဆေးမည်

မေလ ၈ရက်တွင် စတင်မည့် ဥရောပဖလားဘောလုံး ပြိုင်ပွဲ Euro 2012တွင်လူမျိုး ရေးခွဲခြားမှုများအားနိုင်ငံတကာ မှကြီးကြပ်စစ်ဆေးသူများက ပွဲစဉ်တိုင်းတွင် စောင့်ကြပ်စစ်ဆေး သွားမည်ဟု သိရသည်။ ပိုလန်နှင့်ယူကရိန်းတို့ ပူးတွဲအိမ် ရှင်အဖြစ်ကျင်းပမည့် Euro 2012 တွင် လူမျိုးရေးခွဲခြားမှုများအပါအဝင် ရာဇဝတ်မှုများ၊အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း ၄င်းတို့အနေ ဖြင့် ဤအခြေအနေများကို အပြည့် အဝ ထိန်းချုပ်ထားနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ပြိုင်ပွဲ၏ အဓိကစိန်ခေါ်မှုဖြစ် လာနိုင်သော လူမျိုးရေးခွဲခြားမှုအား ကြီးကြပ်
စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတကာမှ ကြီးကြပ်စစ်ဆေးသူများ အား ဖိတ်ကြား ထားပြီး ပွဲစဉ်တိုင်း တွင် ကြီးကြပ်စစ်ဆေးသူ နှစ်ဦးထား ရှိမည်ဟု သိရသည်။ ကြီးကြပ် စစ်ဆေးသူများက လူမျိုးရေးခွဲခြားမှုတစ်ခုခုကို တွေ့ပါက ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံနိုင်မည်ဖြစ်သည်။ ထို့အတူ ဥရောပဘောလုံး အဖွဲ့ချုပ်  UEFA  ကလည်း ပွဲကစား နေစဉ်အတွင်းလူမျိုးရေးခွဲခြားမှုရှိလာ ပါက ပွဲကို ချက်ချင်းရပ်ဆိုင်းပစ်နိုင် ကြောင်း ဒိုင်လူကြီးများအားအခွင့် အာဏာအပ်နှင်းထားသည်။ ပိုလန်နိုင်ငံဝါဆောမြို့အခြေ စိုက် လူမျိုးရေးခွဲခြားမှုတိုက်ဖျက် ရေးအဖွဲ့Rafal Pankowski of Never Again အဖွဲ့ကြီးကလည်း ဘောလုံးပွဲအတွင်း ရာဇဝတ်မှု တိုက်ဖျက်ခြင်းနှင့် ပတ်သက်၍ပွဲစီစဉ် သူများက အတွေ့အကြုံ ကောင်း များရှိထား ၍ကောင်းမွန်စွာကိုင်တွယ် ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း The Independence သတင်းဌာနသို့ ပြောသည်။ ပြိုင်ပွဲသို့ လာရောက်မည့် ဘော လုံးပရိသတ် များတွင် အမည်ပျက် စာရင်းဝင်များအား နိုင်ငံသို့ဝင်ရောက် ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံတွင်းမှ ဆိုးသွမ်း ပရိသတ်များအားလည်း ဘောလုံးကွင်းသို့ ဝင်ရောက် အားပေး ခွင့်ပြု မည်မဟုတ်ဟု ပူးတွဲအိမ်ရှင်နှစ်နိုင်ငံ လုံးက ကြေညာထားသည်။ ပိုလန်နှင့်ယူကရိန်း ကဲ့သို့သော အရှေ့ဥရောပနိုင်ငံများအား ယူရိုအိမ် ၏ရှင်အဖြစ် ရွေးချယ် လိုက်ကတည်းက ဝေဖန်မှုများရှိခဲ့သော်လည်း UEFA ကထိုနိုင်ငံများအနေဖြင့် ယခုကဲ့သို့ ပြိုင်ပွဲများ လက်ခံကျင်းပခြင်းဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ခွင့် ရှိသင့်သည် ဟုယူဆ ထားသောကြောင့် ခွင့်ပြုခြင်းဖြစ်သည်ဟုတုံ့ပြန်ထားသည်။
ကျော်ရဲလင်း၊ Ref: NEWEUROPE

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။