ရခိုင်ပြည်နယ်သို့
ပြေးဆွဲလျက်ရှိသော ရန်ကုန်-စစ်တွေကားလိုင်းများပြေးဆွဲခြင်းမရှိသေး၍
ကယ်ဆယ်ရေး ပစ္စည်းများအား လှူဒါန်းလိုပါကရေကြောင်းလမ်းနှင့်
လေကြောင်းလိုင်းများကိုသာ အသုံးပြုနေရသည်။ရန်ကုန်-စစ်တွေ ပြေးဆွဲနေသောယာဉ်လိုင်း
များအား ဇွန်လ
(၁၁)ရက်နေ့မှစတင်ရပ်နားခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင်
ပြန်လည်ပြေးဆွဲရမည်ကိုအတိအကျမသိရှိရသေးကြောင်း အောင်မင်္ဂလာကားဝင်း
သိရှိရသည်။“ကျွန်တော်တို့ကားတွေ ဘယ်ခရီးစဉ်မှ မထွက်သေးပါဘူး။ လိုင်းကားတွေအကုန်ရပ်နားထားပါတယ်” ဟု ရခိုင်ပြည်နယ်သို့ပြေး ဆွဲသောတိုးရတနာယာဉ်လိုင်းမှ ကိုကျော်က ပြောသည်။
အချို့သော ယာဉ်လိုင်းများမှာ ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများမတည်ငြိမ်သေးခြင်းကြောင့် ယာဉ်လိုင်း ပြေးဆွဲခြင်းကို ရပ်နားထားပြီးနယ်မြေအေးချမ်းပါက ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းကိ
“ရခိုင်ပြည်နယ်မှာ မအေးချမ်းသေးတော့ ကျွန်တော်တို့ကားတွေကို(၁၁)ရက်နေ့ကတည်းက နားထားတယ်။ ဘယ်နေ့မှာ ပြန်ဆွဲရမယ်ဆိုတာတော့ မသိသေးဘူးရခိုင်မှာ အေးချမ်းပြီဆိုရင်တော့ ကားတွေပြန်ထွက်လို့ ရပါတယ်” ဟုရန်ကုန် -စစ်တွေသို့ ပြေးဆွဲနေသော ကြံတိုင်းအောင်ယာဉ်လိုင်းမှကိုသိန်းထွန်းမောင်က ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေတွင် အဝေးပြေးကားဝင်းအတွင်းသာ လုံခြုံမှုရှိပြီးကားဝင်းအပြင်တွင် လုံခြုံမှုမရှိသေး သောကြောင့် စစ်တွေ-ရန်ကုန်သို့ပြေးဆွဲခြင်းကိုလည်း ရပ်နားထားခြင်းဖြစ်သည်။
“ စစ်တွေကနေလည်း ကားတွေ မထွက်ပါဘူး၊ ကားဝင်းအထဲတော့ လုံခြုံမှုရှိတယ်ကားဝင်းအပြင်မှာတော့ စိုးရိမ်နေရသေးတယ်၊ အဲ့ဒါကြောင့်မို့လို့ ဘယ်ကားမှအပြင်မထွက်ဘူး။ ကားကထွက်ပြီဆိုရင် လမ်းခရီးမှာချောင်းပြီးရိုက်မှာတို့ကို စိုးရိမ်ရသေးတယ်၊ အဲ့ဒါကြောင့် ဘယ်ခရီးသည်မှခရီးသွားတာမျိုးလဲ မရှိသလို ဘယ်ယာဉ်လိုင်းမှ ပြေးဆွဲနေတာ မရှိပါဘူး” ဟု
စစ်တွေမြို့ရှိ ကြံတိုင်းအောင် ယာဉ်လိုင်းမှ ကိုထွန်းတင်က ပြောသည်။
ရခိုင်ပြည်နယ်သို့ ရန်ကုန်-စစ်တွေ ပြေးဆွဲနေသော ယာဉ်လိုင်းမှာရွှေပြည်လှိုင် ၊ King Star ၊ ကြံတိုင်းအောင် ၊ ရွှေပြည်ရခိုင် နှင့်
တိုးရတနာတို့ ဖြစ်ပြီး ယခုယာဉ်လိုင်းရပ်နားထားခြင်ြးေ
ရခိုင်ပြည်နယ်သို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ ရပ်နားထားသော်လည်းလေကြောင်းလိုင်းနှင့် ရေကြောင်း လမ်းများမှတဆင့် သွားရောက်နိုင်ကြောင်းသိရှိရသည်။
“ကျွန်တော်တို့ကတော့ လေကြောင်းလမ်းကသွားတာပါ အဲ့ဒါကလည်း ဦးဇော်ဇော်ကစရိတ်ငြိမ်းခေါ်လို့ပါ။ လေကြောင်းလမ်း နဲ့တော့ သွားလို့ ရတယ်။ အဲ့ဒါကလဲလှူတာတန်းတာတွေကိုပေါ့ ” ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများတွင်အ၀တ်အစားသယ်ယူခြင်းနှင့်အစားအေ
တစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့လာရောက်လှူဒါန်းလျက် ရှိကြောင်းကိုလည်း သိရှိရသည်။
မြစ်မခ
No comments:
Post a Comment