MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်းသတ်မှတ်ချက် ထုတ်ပြန်


မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်များ၏ သက်တမ်း သတ်မှတ်ချက်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။
၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ တင်သွင်းလာမည့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ အသုံးပြုနိုင်မည့် သတ်တမ်းသတ်မှတ်ချက်မှာ လေယာဉ် ထုတ်လုပ်ခဲ့သည့်နေ့မှ စတင်ကာ နှစ်ပေါင်း ၂၀ အတွင်း(သို့) လေ ယာဉ်ဆင်းသက်သည့် အကြိမ်အရေအတွက် ငါးသောင်း ပြည့်မြောက်သည်အထိသာ အသုံးပြုရမည် ဖြစ်သည်။
''မေလ ၁၆ရက်နေ့ နောက်ပိုင်း ၀ယ်ယူတဲ့ လေယာဉ်တွေအကုန်လုံး စထုတ်တဲ့နေ့ကစပြီး နှစ် ၂၀ သက်တမ်းရှိတဲ့ လေယာဉ်တွေကိုပဲ ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဥပမာ သူများနိုင်ငံမှာ ၁၀ နှစ်အသုံးပြုပြီးတဲ့ လေယာဉ်ကို ၀ယ်မယ်ဆိုရင် ဒီမှာ နောက်ထပ် ၁၀ နှစ်ပဲ သုံးရမှာပါ။ ဒီလိုပဲလေယာဉ် သက်တမ်းက နှစ် ၂၀ မပြည့်သေးပေမယ့် ဆင်း၊ တက် ပြုလုပ်တဲ့အကြိမ်ရေကလည်း ငါးသောင်းကျော်သွားရင် ဆက်သုံးခွင့် မပြုတော့ပါဘူး''ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သို့သော်လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနေသည့် လေယာဉ်များ၏ သက်တမ်းကိုမူ နှစ်ပေါင်း ၂၅ နှစ်နှင့် ဆင်း၊ တက်ပြုလုပ်သည့် အကြိမ်ရေ ခုနစ်သောင်းပြည့်မြောက်သည်အထိ သုံးစွဲနိုင်ရန် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအသုံး ပြုနေသည့် လေယာဉ်အမျိုးအစားတွင် ATR လေယာဉ်အမျိုးအစားမှာ အများဆုံးဖြစ်ပြီး၊ မြန်မာ့လေကြောင်းသည် ဖော်ကာ ၂၈၊ ATR နှင့် MA60, Beech craft 900  စသည့် လေယာဉ်အမျိုးအစားများဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

မြန်မာ့လေကြောင်းသည် သက်တမ်းပြီး အပိုပစ္စည်းရှားပါးသည့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ ၀ယ်ယူပြေးဆွဲခဲ့ကာ F-27 လေယာဉ်များကို တရုတ်နိုင်ငံလုပ် MA60  လေယာဉ် လေယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲခဲ့သည်။

၁၉၇၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် ဖော်ကာ F-28  လေယာဉ်မှာ ၃၂ နှစ်သက်တမ်းရှိပြီး၊ ATR-72  နှင့် ATR-42 လေယာဉ်များမှာမူ ပြေးဆွဲသည့် သက်တမ်း ၁၀ နှစ်နှင့် ၁၅ နှစ် သက်တမ်းဝန်းကျင် အသီးသီးရှိပြီဖြစ်ကြောင်း သိရသည်။ 


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။