MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်

စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။
“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့
လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် လများ အတွင်း၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်မှ ကော်မီတီဝင်များမှ လယ်သမားများအား
ဖြန့်ဖြူးရန် အကြောင်းပြ၍ ဓါတ်မြေသြဇာ လျှောက်ထားခဲ့ပြီး ရရှိလာသည့်အခါ သုခမိန် ပွဲရုံ၌
ရောင်းချခဲ့ကြသည်။ ထိုမှ ရရှိ လာသည့် အမြတ်ငွေ ကျပ်သိန်း ၆၀၀ ခန့်အား ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်။ အလားတူ စားအုန်းဆီ ဖြန့်ဖြူးရေးနှင့် အခြား စီးပွားရေး လုပ်ပိုင်ခွင့် ပါမစ်များအား အစိုးရထံမှ လျှောက်ထားပြီး ပါမစ်များအား ရောင်းချကာ ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

“တိုင်းဒေသကြီး အဆင့်က ဆိုတာက ဒီကိစ္စတွေက လွန်သွားပြီ။ သူတို့တွေ အနေနဲ့ ဘာမှ လုပ်လို့ မရတော့လို့။ ဒီကိစ္စ ပြည်သူတွေ သိသွားရင် သူတို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ပြီး ပြည်သူတွေ အယုံအကြည် မရှိမှာစိုးလို့ သိုသိုသိပ်သိပ်ပဲ ဒီကိစ္စကို လုပ်ဆောင်နေကြတာ။ ဒါပေမယ့် ဒီခြစားမှုကို တကယ်သိတဲ့ အောက်ခြေ အဖွဲ့ဝင်တွေက လုံးဝ မကျေနပ်ကြလို့ အခုလို ဖြစ်သွားတာ” ဟု အဆိုပါ တိုင်းရုံး ပါတီဝင်ဟောင်း တဦးက ပြောသည်။

ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း က “တိုင်စာများသည့် အုပ်ချုပ်ရေးမှူးများအား ထုတ်ပယ်ပေးမည်”ဟု ပြောထားသဖြင့် ပဲခူးတိုင်း စည်ပင် ဝန်ကြီး ဦးရဲမြင့်၏ တပည့်များက ရပ်ရွာအုပ်ချုပ်ရေး ကိစ္စရပ်များတွင် ဝင်ရောက် ချယ်လှယ်ကြကာ ၎င်းတို့နှင့် အဆင်မပြေသည့် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအား “လီဆယ် တိုင်တန်းလျက်” ရှိနေကြောင်း အင်းတကော် ကျေးရွာမှ
ပြည်ခိုင်ဖြိုး ပါတီဝင် တဦးမှ မီဒီယာများသို့ ပေးပို့သည့် စာတစောင်၌ ဖော်ပြပါရှိသည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။