MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ပိုးဖလံဇာတ်ကားမှာ လူမင်းကို ချီးကျူးလိုက်တဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း

 ဆရာမခင်ခင်ထူးရဲ့ “ပိုးဖလံ”ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပုံဖော်ဖန်တီး ထားခဲ့တာကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာပရိသတ်ကြားထဲမှာ တအားကြိုက်နှစ်သက်
 ကြောင်းချီးမွမ်းခံနေရပြီးပါဝင်သရုပ်ဆာင်ထားတဲ့လူမင်း၊ မယ်လိုဒီ၊ပြေဇင်တို့ကလည်း ဇာတ်ကောင်စရိုက်နဲ့ အလွန်လိုက်ဖက် တာတွေ့ရပါတယ်။လူမင်းကိုအသက်၆ဝကျာ်အရွယ်အဖြစ် အသွင်ပြောင်းကာ အသက်ငယ်ငယ်မိန်းက လေးတစ်ယောက် အပေါ် ချစ်မိတဲ့ချစ်ခြင်းကို သဘာဝကျကျ ပုံဖော်ထားခဲ့တဲ့ ဒါရိုက်တာဝင်းထွန်းထွန်းက “ဆရာမရဲ့ ဝတ္ထုတိုလေးဖြစ်တဲ့ ဒီဇာတ် လေးကို ဖတ်မိလိုက်တဲ့အချိန်မှာ ခံစားချက် ခြင်းတူတယ်ပေါ့။ စိတ်ထဲမှာလည်း တစ်ခုရှိ တာက နည်းနည်းလေး အချစ်ကို ကိုးကွယ် တတ်တယ်။ ငယ်ငယ်ထဲ ကပဲ
အသက်၎ဝ ကျော်တဲ့အထိလည်း တအားချစ်တတ်တယ်။ အဲဒီတော့ အသက်၆ဝကျော် လာတဲ့အထိ ချစ်တတ်နေဦးမှာလားပေါ့။ ယုံကြည်တာ ကတော့ အသက် ၆ဝ လောက်ထိလည်း ဒီလို ပဲ ချစ်တတ်နေဦးမှာပါ။ ဒီလိုပဲ ရင်ခုန်မှုက နုနေဦးမှာပါပဲ။ ဒီဇာတ်လေး ကို ဖတ်လိုက် တော့ ရင်ထဲရောက်  သွားတယ်။ အသက် ၆ဝကျော်၊ ခေါင်းဖြူ တစ်ယောက်က သိမ်သိမ် မွေ့မွေ့၊ နူးနူးညံ့ညံ့နဲ့ရင်ခုန်စွာ ချစ်တတ်တယ် ဆိုတာကို ပြတာပါ။ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီလို့လား မသိဘူး။ ရိုက်ရတာလည်း တအားကောင်းတယ်။ ကိုလူမင်းကိုတော့ တအားအားနာတယ်။ သူ့အသက် အရွယ်နဲ့ ဒီလိုပုံစံခေါင်းဖြူ ဇာတ်ရုပ်လုပ်ခိုင်း ရတာဆို တော့  သူလုပ်နိုင်မယ်လို့တော့ လုံးဝယုံကြည် ထားတယ်။ ယုံကြည်တဲ့အတိုင်း သူအကောင်း ဆုံးလုပ်သွားတယ်။ သူနဲ့လည်း တအားလိုက် ပါတယ်။ ဒီကားမှာ အတော်ဆုံးက သူလို့ ပြောလို့ရတယ်။ ဇာတ်ကောင် စရိုက်လည်း လုံးဝလွတ်မသွားဘူး။ သားတွေ အပေါ်မှာ ဆုံးမတဲ့အခန်းတွေမှာ လည်း လွတ်မသွားဘူး။ အဲဒီလိုပဲ မယ်လိုဒီ ငယ်ငယ်လေးကို ချစ်ရတဲ့ အခန်းမှာ ကျိတ်ပိုးတဲ့ အိုက်တင်လေးတွေ တအားကောင်းတယ်။ မယ်လိုဒီဆိုရင် ဒီကား ကိုကြည့်ပြီး သူကား မရိုက်တော့ဘူး ဆိုတာကို တော်တော်နှမြောတာ။  ဒီကားကို ကြည့်ပြီး သူပြန်ရိုက်ပါစေပေါ့။ ပရိသတ်လည်း မျှော် လင့်မှာပါ။ သူလည်း ဒီကားမှာ တော်တော်   ကောင်းတယ်။ ပြေဇင်လည်း သူ့နေရာနည်း နည်းလေးမှာ သူကောင်းတယ်။ ဇာတ်ပို့၊ ဇာတ်ရံကအစအားလုံး သူ့နေရာနဲ့ သူ ကောင်းလို့ ဒီကားက ကောင်းသွားတာ။ ကုမ္ပဏီရဲ့ပံ့ပိုးမှုကလည်း ကောင်းတယ်။ တစ် ချို့ဇာတ်ဝင်ခန်းတွေဆို စိတ်ကြိုက် ဃမသစစငညါ လေးတွေနဲ့ရိုက်ရတယ်။ ဘာပဲ ပြောပြောအောင်တိုင်းကျော်က ရိုက်တဲ့ ကားလေးတွေဆို စိတ်တိုင်းကျလုပ်ခွင့် ပေးတယ်။ အခုလိုမျိုး တတ်ညီလက်ညီရှိရင် ဇာတ်ကားတိုင်းကောင်းမှာပါ။ ဒီကားထွက် တဲ့ နေ့ကစပြီး ဒီနေ့ထိပြင်ဦးလွင်   ရောက်ရင် ပြင်ဦးလွင်၊ မန္တလေးရောက်ရင် မန္တလေး နောက်ဆုံး ရန်ကုန်ပြန်ရောက်တဲ့အထိ ပရိ သတ်တွေ ကြိုက်လွန်းလို့ အသည်း အသန် ဖြစ်နေကြတယ်။ တချို့ဆို အဝေးပြေး ကားပေါ်မှာ ကြည့်ပြီး ကိုယ့်ဆီတန်းပြေးလာ တဲ့လူတောင်ရှိတယ်။ အကြားချင်ဆုံးစကား ပါပဲ။ ပင်ပန်းထားတာတွေ အားလုံးပြေ သွားတယ်။ ကိုလူမင်း အတွက်ဆို ဒီထက် ကောင်းတဲ့ ဇာတ်လမ်းတစ်ခု ဝယ်ထားတယ်။ ပရိုဂျူဆာတော့ မတွေ့သေးဘူး။ အသက်ကြီးကြီး လူတစ်ယောက်ရဲ့ရင်ခုန်မှု တစ်ခုကိုပြတဲ့ဇာတ်လမ်း ပါပဲ။ ဒီကားရိုက်တဲ့ အချိန်မှာ ကိုလူမင်းကို ပြောဖြစ်ပါတယ်။ အစ်ကိုကလို့ အစ်ကိုက အသက် ၆ဝ၊၇ဝ ကျော်ထိ ဦးညွန့်ဝင်းတို့လို ခေါင်းဆောင် မင်းသားကြီးဖြစ်နေ ဦးမှာဖြစ်ကြောင်း ယုံ ကြည်တယ်လို့ သူ့ရဲ့ကျွမ်းကျင်မှု၊ အနုပညာ အပေါ်မှာသူ့ရဲ့ တန်ဖိုးထားမှုတွေက ဒီ အချိန်မှာ ဒီအလုပ်လုပ်ရတာကို ငြီးငွေ့ တယ်ဆိုတာမျိုး မမြင် ရသေးဘူး။ သူမရိုက် တော့မှသာ ဒီလောကကထွက်ရမှာ။ အသက်၇ဝ၊ ၈ဝအထိ ခေါင်းဆောင်မင်းသား ဖြစ်နေဦးမှာပါ” လို့ “ပိုးဖလံ”ဗီ ဒီယိုဇာတ်ကား ကို ပရိသတ်တွေ တအားနှစ် သက်ကြတဲ့ အပေါ် ပီတိစကားတွေနဲ့အမှတ် တရများကို ပြန်လည်ပြောပြပါတယ်။ ဒါရိုက်တာဝင်း ထွန်းထွန်းကလတ်တလောမှာတော့ မောင်၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်တို့နဲ့ “ရက်ရက် စက်စက်ချစ်တတ်သူ”ဇာတ်ကားကို ရိုက်ကူး နေကြောင်း သိရပါတယ်။
ဝဿန်
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။