MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 7, 2012

အမေရိကန် တိုက်ရေယာဉ်များ စင်ကာပူတွင် ချထားမည်

အမေရိကန် ရေတပ်က ပင်လယ်ကမ်းရိုးတန်းသုံး တိုက်ရေ ယာဉ်အတော်များများကို စင်ကာပူနိုင်ငံတွင် တပ်စွဲထားရှိမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင် ငံတွင်လည်း အမေရိကန် ရေတပ်သင်္ဘောများ ထားရှိ တပ်စွဲထားရန် ဖြစ်နိုင်သောကြောင့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အတွင်း တရုတ်နိုင်ငံ၏ ရတက် မအေး စရာအဖြစ်များ ပို၍ တိုးလာမည်ဟု သုံးသပ်နေကြသည်။ ရေတပ်သင်္ဘော အရွယ်အစား သေးငယ်သော်လည်း အာရှနိုင်ငံ များအတွင်း အမေရိကန် ရေတပ် ဖြန့်ကျက် ချထားသည့်
အာရှနိုင်ငံ များနှင့် တိုးတက်သော ထိတွေ့ ဆက်ဆံနေမှုအပေါ် ပြသရာ ရောက်နေပြီး တရုတ်တို့အတွက် ကသိကအောက် ဖြစ်စေကာဒေသ အတွင်း ကာကွယ်ရေးအတွက် အခက်အခဲရှိလာလိမ့်မည်ဟု ပြောဆို သုံးသပ်ချက်များ ပေးနေကြသည်။ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင်မြို့ ဆိပ်ကမ်းတွင်လည်း အမေရိကန် စစ်သား ၂၅ဝဝ ကို ချထားရန်အတွက် နှစ်နိုင်ငံ သဘောတူညီမှု ရယူထားရှိထားပြီး ဖြစ်သည်။ အမေရိကန် ရေတပ်က အာရှ ပစိဖိတ် ဒေသအတွင်းတွင် ပင်လယ်ရေ   ကြောင်း  သွားလာရေး လမ်းဆုံးအဖြစ် မဟာဗျူဟာကျကျ ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုနသန် ဂရင်းနာ့ဂ်က ပြောခဲ့သည် ဟု ဖော်ပြထားသည်။
KLMA Ref: Reuters/AP

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။