MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 13, 2012

ဓမ္မစေတီခေါင်းလောင်းကြီးပြန်လည်ရှာဖွေဆယ်ယူမည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသန ဦးစီး ဌာနမှကြီးမှူးကျင်းပမည် “ဓမ္မစတီ ခေါင်းလောင်းနှင့် ပတ်သက်၍ သမိုင်းအမွေအနှစ်များ တူးဖော်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဇွန်လ နောက်ဆုံး ပတ်တွင် အမျိုးသား ပြတိုက် (ရန်ကုန်) တွင် ကျင်းပမည်။ဓမ္မစေတီ ခေါင်းလောင်းကြီ ပြန်လည်ရှာဖွေ ဆယ်ယူမည်။ဓမ္မစေတီမင်း (၁၄၇၁-၁၄၉၂) သည် ၂ အောက်တိုဘာ ၁၄၇၆ တွင် ရွှေတိဂုံစေတီ၌ ခေါင်းလောင်းကြီးကို တင်လှူ ပူဇော်ခဲ့ပြီး၊ ညောင်ရမ်းခေတ် ဒုတိယမြောက် မင်းဆက်ဖြစ်သော အနောက်ဘက်လွန်မင်း (အေဒီ ၁၆၀၅-၁၆၂၈) လက် ထက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာခေါ် ဖီးလစ် ဒီဘရစ်တိုသည် အဆိုပါ ခေါင်းလောင်းကြီးအား အမြောက် သွန်းလုပ်ရန်
၂၈ အောက်တို ဘာ ၁၆၁၂ တွင် ဖောင်ဖြင့် သံလျင်သို့ သယ်ဆောင်ရာ ပုဇွန်တောင် ချောင်းဝအရောက် ဒေါပုံမြစ် အကူး တွင် ရေထဲသို့ နစ်မြုပ် သွားခဲ့ရ ပါသည်။

ခေါင်းလောင်းကြီးအား ရှာဖွေ ဆယ်ယူရေး လုပ်ငန်းများကို ၁၉၈၇ မှ ၁၉၉၇ ခုနှစ်အတွင်း (၄) ကြိမ်တိုင် ကြိုးပမ်းခဲ့ကြသော်လည်း အကောင်အထည် မဖော်နိုင်ခဲ့သေးပေ။ သို့ဖြစ်ရာ မြန်မာတို့၏ တန်ဖိုး မဖြတ်နိုင်သော သမိုင်းအမွေ အနှစ် တစ်ခုဖြစ်သည့် ဓမ္မစတီ ခေါင်းလောင်းတော်ကြီး ပြန်လည် ရှာဖွေဆယ်ယူရေးအတွက် အထောက်အကူ ဖြစ်စေမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။

 အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည့် ရည်ရွယ်ချက်

အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပါမည်-

-မြန်မာတို့၏ သမိုင်းတန်ဖိုးကြီးမားလှသော ပျောက်ဆုံးနေသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဓမ္မစေတီခေါင်း လောင်းကြီးနှင့် ဆက်စပ်နေသော သမိုင်းအား ပြန်လည် ဖော်ထုတ်နိုင်၊

-သမိုင်းဆိုင်ရာ အချက်အလက်များ ပိုမိုရရှိနိုင်ရန်၊

-ခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူနိုင်ရန် ခေတ်မီ နည်းပညာများ၏ အကူအညီဖြင့် ဆယ်ယူနိုင်မည့် ပေါင်းစပ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်၊

အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားဆွေးနွေးကြမည့် နယ်ပယ်များ

-ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်သော သမိုင်းကြောင်းဆိုင်ရာ

-ယခင်တူးဖော်ခဲ့သော အတွေ့ အကြုံဆိုင်ရာ

-မြစ်ကြောင်းဆိုင်ရာ လေ့လာချက်နှင့် တူးဖော်ရေးခေတ်မီ နည်းစနစ်ကိရိယာများ

အဆိုပါ သတင်း အချက် အလက်များသည် ပြန်ကြားရေး  ဝန်ကြီးဌာနရုံး website  ဖြစ်သော  http://www.ministryofinformation.gov.mm  မှ ပြန်လည်ဖော်ပြပေး ခြင်းဖြစ်ပါ သည်။


ရန်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။