MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

ရေနေဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းဆောင်ရွက်သွားမည်


မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ရေနေဇီဝမျိုးစုံ မျိုးကွဲများ လေ့လာသုတေသန ပြုလုပ်ခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Saitama University, Department of Environmental Science မှ တွဲဖက်ပါမောက္ခ Mr-Takeshi Fujino နှင့် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သည် မေလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရှိရသည်။''ဧရာဝတီမြစ်က မြစ်ရေ အရည်အသွေးကို စစ်ဆေးနေပါတယ်၊၊ ဒါက ဧရာဝတီမြစ်တစ်လျှောက်မှာရှိတဲ့ တိုင်းတာရေးစခန်းတွေကနေ လစဉ် ပထမပတ်အတွင်း ရေအခြေအနေကို ပို့ပေးပါတယ်။ ရေသုတေသနဌာနမှာ စစ်ဆေးတယ်။ လက်ရှိ စစ်ဆေးပြီးသားတွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စစ်ဆေးမှုတွေကိုသာ
ဆက်လက်ပြုလုပ်နေပါတယ်''ဟု မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ မြစ်ရေအရည်အသွေးများ တိုင်းတာစစ်ဆေးရာ၌ WHO မှ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော ရေကိုအသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်များ အနည်းနှင့်အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

''အခုဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျောက်မှာ လစဉ် စစ်ဆေးနေပါတယ်။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်း စစ်ဆေးတုန်းကတော့ အမိုးနီးယားဓာတ်က ပုံမှန်ထက် ပါဝင်နေတယ်။ ဆက်လက်စစ်ဆေးနေတဲ့ အပိုင်းတွေမှာ ဘာဓာတ်တွေပါဝင်နေတယ်ဆိုတာကို စစ်ဆေးမှုတွေပြီးရင် ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီမြစ်ကြောင်းတွေရဲ့ အနီးအနားနဲ့ မြစ်ကြောင်းတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စီးပွားရှာမှုတွေ ပြုလုပ်ထားတာဖြစ်တဲ့အတွက် မြစ်ရေအရည်အသွေးကိုတော့ ထိခိုက်မှုရှိမှာပဲ။ ဒါကို သက်ဆိုင်ရာက ဖော်ထုတ်ရမယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။