MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သော သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်


လာမည့်ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ မြင်တွေ့နိုင်သောသော ကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ သတင်းရရှိပါသည်။အဆိုပါဖြစ်စဉ်တွင် တနင်္ဂနွေ ဂြိုဟ်ဟုခေါ်သော နေမင်းနှင့်သော ကြာဂြိုဟ်တို့သည် ထပ်တူပူးယှဉ်ကာ နေ၏အ၀န်းဝိုင်းအတွင်း သောကြာဂြိုဟ် အနက်စက်အသွင် ဖြတ်သန်း သွားမည်ဖြစ်ပြီး ယင်းဖြစ်စဉ်ကို နက္ခတ်အခေါ်အားဖြင့် သောကြာဂြိုဟ်ကြတ်သော နေကြတ်သည့်ဖြစ်စဉ်နှင့် ဟိန္ဒူကျမ်းအရ သောကြာဂြိုဟ် အတ္တမှီသောဖြစ်စဉ်ဟု ခေါ်ဆိုကြောင်း သိရသည်။တနင်္ဂနွေဂြိုဟ်ဟုခေါ်သော နေမင်းနှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်မှု သည် တစ်နှစ်လျင်နှစ်ကြိမ်ဖြစ်ပေါ် လေ့ရှိသော်လည်း ယခုကဲ့သို့ ယင်းဂြိုဟ်နှစ်လုံး ထပ်တူပူးယှဉ်မှုမှာမူ နှစ်ပေါင်း ၂၀၀ လျှင် နှစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည်။ ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်မတိုင်ခင်က နှစ်ပေါင်း နှစ်ရာ အတွင်း ပထမအကြိမ်အဖြစ် ၂၀၀၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ဒုတိယအကြိမ်ဖြစ် ကြောင်း သိရသည်။ ယခုဖြစ်ပေါ်
မည့်ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်သည် မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၃၉ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၆၆ ဒီဂရီ ၂၀ မိနစ်နှင့် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၃၉ မိနစ်အတွင်း အမေရိကန်နိုင်ငံ ဟာဝိုင်ရီကျွန်းအနီး ဖြစ်ပေါ်မည်ဖြစ်ပြီး နက္ခတ်သိပ္ပံပညာရှင်များ၏ သုတေသနပြုလုပ်ထားချက်များ အရ တနင်္ဂနွေဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်ပါက အကျိုးသက်ရောက်မှုအနေဖြင့် ငလျင်ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။

သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ အပါအ၀င် အမေရိကန်၊ ဟာဝိုင်ရီ၊ အလက်ဇက္ကား၊ သြစတြေးလျ၊ ပစိဖိတ်ဒေသ၊ အရှေ့အာရှ၊ မြောက်အမေရိကနှင့် ဥရောပဒေသများမှ သာမန်မျက်စိနှင့်ပင် လေ့လာမြင်တွေ့နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ မြန်မာစံတော် ချိန်နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီ အတွင်း လေ့လာခွင့်ရနိုင်ကာ ဖလင်ကော်ပြား၊ ဓာတ်မှန်ပြားနှင့် နေကာမျက်မှန်တို့ဖြင့်သာ ကြည့်ရှုသင့်ကြောင်း သိရသည်။ ''ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က တနင်္ဂနွေဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ ပူးယှဉ်တဲ့ ဖြစ်စဉ်အပြီး ဇွန် ၁၅ ရက်နေ့မှာ ချီလီနိုင်ငံမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ အခုဖြစ်ပေါ်မယ့် ဖြစ်စဉ်မှာ မက္ကဆီကို၊ ရုရှားအရှေ့ပိုင်း၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဖြစ်ပေါ်နိုင်ပြီး စီးပွားရေးပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုအနေနဲ့က ဖြစ်စဉ်ဖြစ်ပေါ်ပြီး တစ်ပတ်အတွင်း နိုင်ငံတာငွေကြေးဈေးနှုန်းနဲ့ ရွှေဈေးနှုန်းတွေ မြင့်တက်နိုင်ပါတယ်''ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ရှင်းပြပါသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။