MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာတွင် ရေရိုးပိတ်နေသောကြောင့် စိုက်ခင်းများ ရေလျှံမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရ


5104
ရေရိုးကို ကန့်လန်ဖြတ် သွယ်တန်းထားသော
 ပိုက်လိုင်းနေရာကို
 ဇွန်လ ၁ ရက်နေ့ကတွေ့ရစဉ်



တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ခုံစုနှင့် ရှားတောကျေးရွာများ အနီးမှ ဖြတ်သန်းသွားကြောင်း၊ ခုံစု ကျေးရွာအနီး ထောက်ရှာပင်နှင့် ကျစ်ခင်စိုက်ခင်းများကို ဖြတ်သန်းရာတွင် ထိုစိုက်ခင်းများ၏ ရေနုတ်မြောင်းသဖွယ် တည်ရှိနေသော ကျစ်ရိုးကို ကန့်လန့်ဖြတ်ပိတ်၍ သွယ်တန်းထားကြောင်း သိရသည်။
ထို့ကြောင့် ထိုစိုက်ကွင်းနှစ်ခု အတွင်းရှိ ငရုတ်စိုက်ခင်း ဧက၂၀၀ ခန့်မှာ မိုးရွာလျှင် ရေထွက်ပေါက် မရှိဘဲ ရေလျှံခံရမည်ကို စိုက်ခင်းပိုင်ရှင်များ စိုးရိမ်နေရကြောင်း
သတင်း ရရှိသည်။ ထိုကျစ်ရိုးအနီး ပိုက်လိုင်း လုပ်ငန်းများလုပ်ကိုင်နေစဉ်က ဒေသခံ
 တောင်သူများမှ ရေရိုးတွင် ရေထွက်ပေါက်အဖြစ် ခုံးခံ၍ပြုလုပ်ပေးရန် ပြောဆိုခဲ့သော်လည်း လုပ်ငန်းလုပ်ကိုင်သော တရုတ်လူမျိုးများတွင် မြန်မာစကားပြန်များ မရှိခဲ့သောကြောင့် အဆင်မပြေခဲ့ကြောင်း သိရသည်။
“ဒီရိုးထဲက ကျွန်တော်တို့ငရုတ်စိုက်ခင်းတွေက ရေတွေတင်မဟုတ်ဘဲ ရိုးအထက်မှာရှိတဲ့ လယ်ကွင်း တွေထဲက နှုတ်ထုတ်လိုက်တဲ့ရေတွေ ပါစီးဝင်တာပါ၊ မိုးတွင်းရိုးရေကျတဲ့ အချိန်ဆို ရေကလူတစ်ရပ်စာမကဘဲ စီးလာလေ့ရှိပါတယ်၊ အခုရိုးကို ကန့်လန့်ဖြတ်ကြီး ပိုက်လိုင်းက ဖြတ်ထားတော့ ရေကိုတားထားသလို ဖြစ်နေပြီး စိုက်ခင်းတွေထဲကို လျှံဝင်လာတော့မှာပါ၊ သူတို့ပိုက်လုံးတွေ မြေဖို့တော့ တရုတ်တွေချည်းပဲလာ လုပ်တာဆိုတော့ ကျွန်တော်တို့ပြောတာလည်း သူတို့က နားမလည်ဘဲ ဒီအတိုင်းထားသွားတာပါ”ဟု ခုံစုကျေးရွာမှ ငရုတ်စိုက်တောင်သူတစ်ဦး က ပြောကြားသည်။
ထိုရေရိုး၏၀န်းကျင်ရှိ စိုက်ခင်းများတွင် ငရုတ်ကို အဓိကစိုက်ပျိုး လေ့ရှိပြီး စားတော်ပဲ၊ ကုလားပဲနှင့် ပဲလွန်းများလည်း စိုက်ပျိုးလေ့ရှိ ကြောင်းသိရသည်။ “မိုးဦးကျပြီးတာ နဲ့ ငရုတ်စိုက်ဖို့ ပြင်ဆင်ကြတော့မှာပါ၊ ငရုတ်ကတစ်ဧကကို အရင်း ကျပ်ငါးသိန်းလောက် ကုန်ကျတော့ ကျွန်တော့်စိုက်ခင်း ငါးဧကအတွက် ကို အရင်း မထည့်ရဲပါဘူး၊ ဒီလိုသာ ရိုးပိတ်နေရင် မိုးရွာတာနဲ့ ရေကစိုက်ခင်းတွေထဲ လျှံတက်လာမှာ သေချာပါတယ်၊ ငရုတ်တင် မဟုတ်ပါဘူး။ အခြားသီးနှံလည်း မစိုက်ရဲပါဘူး” ဟု ရေရိုးအနီးမှ စိုက်ခင်းပိုင်ရှင် တစ်ဦးက ပြောကြားသည်၊
ပိုက်လိုင်းဖြတ်သန်းမည့် စိုက်ခင်းဧရိယာများအတွက် လျော်ကြေးပေးရာတွင် မြေအမျိုးအစားနှင့် စိုက်ပျိုးသည့် သီးနှံတူညီသော်လည်း လျော်ကြေးသတ်မှတ်မှုများ မတူညီခဲ့ကြောင်း သိရသည်။ ထို့အပြင် သတ်မှတ်ဧရိယာထက် ပိုမိုဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ ပိုက်လိုင်းများမြေဖို့ပြီး ချိန်တွင် မြေစာပုံများ ကျန်ရှိခဲ့သောကြောင့် စိုက်ခင်းများအတွင်း ရေ၀ပ်မည်ကိုလည်း စိုးရိမ်နေရကြောင်း သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။