MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ရွေးကောက်ပွဲနိုင်ပြီး၍ မမြင်ရတော့သော အမတ်များ ရှိနေသည်ဟု ဦးသိန်းညွန့်ဆို

ရွေးကောက်ပွဲနိုင်ပြီးသည်နှင့် မမြင်ရတော့သော အမတ်များရှိနေသည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါသည်။ ယင်းနှင့်ပတ်သက်၍ ဦးသိန်းညွန့်က ဇွန်လ ၃ ရက်နေ့က သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းအတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပြည်သူ့အသံ နာခံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။''ရွေးကောက်ပွဲ နိုင်ပြီးတာနဲ့ မမြင်ရတော့တဲ့ အမတ်တွေ
အများကြီးပဲ။ လွှတ်တော်မှာလည်း လူထုတာဝန်မကျေပွန်တဲ့ အမတ်တွေ အများကြီးရှိနေတယ်။ တကယ်ဆိုရင် လွှတ်တော်အမတ်တွေဆိုတာက လွှတ်တော်ပြီးတာနဲ့ ပြည်သူနဲ့ ထိတွေ့မှု ရှိနေရမယ်။ ပြည်သူနဲ့ ထိတွေ့နိုင်မယ့် နေ ရာတွေအတွက် အစိုးရဘက်က အကူအညီပေးရမယ်။ အဲဒီလို အခြေအနေမရှိရင်လည်း လွှတ်တော်အမတ်တွေဟာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းဖို့ မလွယ်ကူလှပါဘူး''ဟု ဦးသိန်းညွန့်က ပြောပါသည်။

ဆက်လက်၍ ဦးသိန်းညွန့်က ''ကျွန်တော်လွှတ်တော်ထဲမှာ စိတ်မကောင်းဖြစ်ရတဲ့ အချက်ကတော့ မီဒီယာတွေ အပါအ၀င် အားလုံးကို ခြောက်လှန့်ထားသလို ဖြစ်နေတဲ့ တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့တင်တာ ထောက်ခံမဲ နှစ်မဲပဲရတာနဲ့ နိုင်ငံရေးသမားတွေကို ထောင်ထဲကို အဓိကဆွဲထည့်နေတဲ့ အရေးပေါ်အက်ဥပဒေပုဒ်မ ၅(ည) ကို ပယ်ဖျက်ပေးဖို့တင်တာ ထောက်ခံမဲ ခုနစ်မဲသာ ရခဲ့တာပါပဲ။ မြန်မာပြည် တရားဥပဒေစိုးမိုးရေးအတွက် တတိယမဏ္ဍိုင်ဖြစ်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကို မပြုပြင်ရင် လုံးဝမဖြစ်နိုင် ပါဘူး''ဟု ပြောပါသည်။

ယခုကဲ့သို့ အတွေ့အကြုံ ရှင်းလင်းပွဲများနှင့် ပြည်သူ့အသံ နာခံပွဲများကို အမျိုးသားဒီမိုကရေစီပါတီသစ်မှ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



 News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။