MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

ဆေးရုံတက်ရောက်သူများ၏ ၃၅ ရာခိုင်နှုန်းကျော်သည် အရေးပေါ် ပြဿနာများကြောင့် ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့်ဖြစ်

နိုင်ငံပိုင်ဆေးရုံကြီးများ၏ စာရင်းဇယားအရ ဆေးရုံတက်ရောက် သူများ၏ ၃၅ ရာခိုင်နှုန်းကျော် သည် အရေးပေါ် ပြဿနာကြောင့်ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ကျင်းပသော Diploma in Emergency Medicine သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
စနစ်တကျစီမံ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် Pre-Hospital Care System ကြောင့် ဆေးရုံမရောက်ခင်  အရေးပေါ်ပြုစု ကုသမှုအားနည်းခြင်း၊ ဖွံ့ဖြိုးပြီးအဆင့်အတန်း မြင့်မားသည့် အရေးပေါ်ကုသမှုဌာနများ၊ အဆင့်မြင့် ကျွမ်းကျင်ဝန်ထမ်းများ နည်းပါးခြင်းတို့ကြောင့် အချိန်မီ အသက် ကယ်တင်နိုင်ရမည့်လူများကို
မကယ်တင်နိုင်ခြင်းကို ကြားသိရကြောင်း ပြောခဲ့သည်။
ဝန်ကြီး “Emergency Medical  Care သည် Clinical Settingနှင့် Community Setting အတွက်မှာပါ ပြည်သူအားလုံး အချိန်အခါ မရွေး၊ နေရာမရွေးအချိန်မီ ရရှိခံစားနိုင်သည့် အခွင့်အလမ်းရှိရန် လိုအပ်ကြောင်း၊ ဤအကျိုးခံစားခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ဆေးပညာနှင့် နှီးနွှယ်ဝန်ထမ်းအားလုံး ကဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ဆေးရုံမရောက်မီ အရေးပေါ် အသက်ကယ်ခြင်းသည် မသေသင့်သူများ၏ ၄၀ ရာခိုင်နှုန်းကို အသက်ရှင်အောင် ကူညီနိုင်သကဲ့သို့ Structured Hospital Emergency Service သည် လည်း ဆေးရုံရောက်ပြီး မသေသင့်သည့် လူနာများ၏အသက်ကို ကယ်တင်နိုင်စွမ်းရှိကြောင်း ထည့်သွင်းပြောကြားသည်။


News_Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။