Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Wednesday, June 6, 2012
အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး အစလား ???
ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ သမ္မတ ဦးသိန်းစိန်က ဒု ၀န်ကြီး ၂ ယောက်နဲ့ ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးတို့ကို ရာထူးတွေက နုတ်ထွက်ခွင့် ပြုလိုက်ပါပြီတဲ့။
ဒု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနက ဦးတင့်လွင်နဲ့ စွမ်းအင် ၀န်ကြီး ဌာနက ဦးစိုးအောင် တို့ကို ဇွန်လ ၅ ရက်နေ့ နေ့စွဲနဲ့ နုတ်ထွက်ခွင့် ပြုတယ်လို့ သမ္မတက လက်မှတ် ထိုး ကြေညာထားပါတယ်။
ဆက်သွယ်ရေး ဒုဝန်ကြီးက ၅ ထောင်တန်ဆင်းကဒ်နဲ့ ဆိုင်မဆိုင် မသိရသလို၊ လျှပ်စစ်မီး မလုံလောက်မှုနဲ့ စွမ်းအင် ဒုဝန်ကြီး သက်ဆိုင်မှု ရှိ၊ မရှိ မသိရပါ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးသာဦးကိုလည်း အလားတူ နုတ်ထွက်ခွင့်ကို သမ္မတက လက်မှတ်ထိုး ပြန်တမ်း ထုတ်ပြန်ထားတာပါ။
အခုတလော နေပြည်တော်ကလာတဲ့သတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေနဲ့ ထိုင်းခရီးစဉ် ရွှေ့ဆိုင်း လိုက်ရခြင်းက တဖက်မှာ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးအတွက် အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ ဒီအပြင် ဒီရက်ပိုင်းတွေက စပြီး ၀န်ကြီးအပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။ အခုတော့ ဒုဝန်ကြီး ၂ ယောက် စတင်ပြီး အပြောင်းအလဲ ဖြစ်တဲ့ သဘောပါပဲ။
လူမြင်ကွင်းမှာ ပျောက်ကွယ်ပြီး ရာထူးက နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ ဒု သမ္မတ (၈) လုံးခေါ် သီဟ သူရ တင်အောင်မြင့်ဦးကိုတော့ သမ္မတက ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးခွင့် ၂ လ ပေးထားတာလို့ ဆိုပါတယ်။ ဆေးခွင့်ကာလကုန်ဆုံးမယ် ဇူလှိုင်လ ကျရင်တော့ အဖြေကို သဲသဲကွဲကွဲ သိရတော့မှာပါ။
နေပြည်တော်က လူရှင်းပွဲမှာ ဘယ်ဝန်ကြီးတွေ မျက်ခုံးလှုပ်နေမလဲဆိုတာတော့ စောင့်ကြည့်ရမယ်ထင်ပါတယ်။ တာဝန်က အနားပေးခံရမယ်လို့ သတင်းပြေးနေတာကတော့ လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း၊ အားကစား ၀န်ကြီး ဦးတင့်ဆန်းတို့ ပါဝင်နေ တယ်လို့ ဆိုပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကတော့ ယခု ရာထူးအတိုင်း ဆက်လက်တည်မြဲနေမယ်လို့ သတင်းများ က ဆိုနေပါတယ်။
ဧရာဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment