MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 7, 2012

ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား(ပြည်သူကိုဒုက္ခပေးမှာလား ကာကွယ်မှာလား?)

စံခလပူရီ (မဇ္ဈိမ) ။        ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

“မနေ့ကတောင် သူတို့မိသားစုကို ကျနော် ဖုန်းဆက်သေးတယ်။ ဆရာဝန်တွေ ပြောတော့ ပကတိ အခြေအနေကို
ပြန်ရဖို့ ဆိုတာ မလွယ်တော့ဘူးလို့ သူ့အမေက ကျနော့်ကို ပြောတယ်။ အခု ကျနော်လည်း ရန်ကုန် ရောက်ခိုက် ဆိုတော့ မော်လမြိုင်မှာ ကုလို့ မသက်သာရင် ရန်ကုန်ကို တက်လာခဲ့ပါလို့ လှမ်းပြောလိုက်သေးတယ်” ဟု မဇ္ဈိမကို  ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူတဦး သေဆုံးမှု တွင် ပါဝင်ပတ်သက်သည် ဟူသော သံသယဖြင့် ကိုသက်ပိုင်စိုး အပါအဝင် ကွမ်ရိုက်၊ ကမာမိုး၊ ဒေါင်းဥရွာများမှ လူငယ် ၁၃ ဦးကို ဧပြီလ ၂၀ ရက်နေ့တွင် ချောင်းဆုံ ရဲများက ဖမ်းဆီးစစ်ဆေးခဲ့သည်။ အပြစ်မရှိသူကိုးဦးကို ပြန်လွှတ်
ပေးခဲ့ရာ ကိုသက်ပိုင်စိုးမှာ မေလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

သို့သော် ဖမ်းဆီးထားစဉ် တလအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ကြောင့် ကိုသက်ပိုင်စိုးမှာ ထိုနေ့တွင်ပင်
ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

မေလ ၂၁ ရက်နေ့က ချောင်းဆုံမြို့နယ်သို့ ရောက်ရှိလာသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရိုက်နှက် စစ်ဆေးသူကို အရေးယူမှု ရှိ/မရှိ မေးမြန်းခဲ့ရာ ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်ကို ခရိုင်သို့ ပြောင်းပို့ထားကြောင်း ချောင်းဆုံရဲစခန်းမှ ဒု-ရဲအုပ်တဦးက ဖြေကြားခဲ့သည်။

သို့သော်လည်း ရိုက်နှက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ကျော်စွာခိုင်ကို ခရိုင်သို့ ပြောင်းပို့ထားသည်မှာ မဟုတ်မှန်ဘဲ အရေးယူဆောင်ရွက်ခြင်းလည်း တစုံတရာ မရှိသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျနော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေလကတည်းက စာတင်ထားတယ်။ ဒါပေမယ့် အဲဒီ ရိုက်တဲ့ ရဲက အခု ရွာထဲမှာ ပေါ်ပေါ်တင်တင်ပဲ သွားလာတာ ကျနော်တို့ တွေ့နေရတုန်းပဲ။ ဘာမှ
ခေါ်ယူစစ်ဆေး မေးမြန်းတာ မရှိဘူး” ဟု သူက ပြောသည်။

လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။

မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ကွမ်ရိုက်ရွာ ဘုရားပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူငယ် လေးဦးအား မော်လမြိုင် ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။