MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

လက်ပန်းတောင်းတောင်ကြေးနီစီ မံကိန်းနှင့်ပက်သက်၍ ကျေးရွာ ဆယ့်တစ်ရွာတောင်သူများ သမ္မတကြီးထံသို့ တိုင်ကြားပြီ

စီးပွားရေး ဦးပိုင်လီမီ တက်နှင့်တရုတ်ကုမ္မဏီတို့အကျိုး တူပူးပေါင်းဆောင်ရွက်သည့်လက် ပန်းတောင်း တောင်ကြေးနီ စီမံကိန်း မှယာခင်းများပေါ်တွင်မြေစာများ စွန့်ပစ်ခြင်းအား ရပ်ဆိုင်း ရန်တောင်း ဆိုဆန္ဒပြခဲ့ သော  ဒေသခံတောင်သူ များအပါအဝင် ယာမြေများ အ သိမ်းခံခဲ့ ရသည့် ကျေးရွာ (၁၁)ရွာ က အဆိုပါ ကိစ္စအား သမ္မတ၊တိုင်း ဒေသကြီးအစိုးရနှင့် လူ့အခွင့်အ ရေးကော်မရှင် သို့ဇွန်(၈) ရက်နေ့က တိုင်ကြား စာပို့ထား ပြီးဖြစ်ကြောင်း ဝက်မှေးကျေးရွာမှကို အောင်ဇော် ဦးကဆို သည်။

''ကျွန်တော်တို့ကိုဆန္ဒ ပြတာရပ်နားဖို့ အာဏာပိုင်တွေက ပြောတယ်။  ကျွန်တော်တို့  တောင်း ဆိုတာတွေကို စဉ်းစားမယ်။ စဉ်းစားတဲ့အချိန်မှာဆန္ဒပြတာရပ်နား ဖို့။ဘယ်အချိန်အထိစဉ်းစား မယ် ဆိုတာကို တော့ မပြောဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ လုပ်ရမယ့်အပိုင်းတွေ ကိုလုပ်တဲ့ သဘော အနေနဲ့ကျွန်တော် တို့သမ္မတ၊လူ့အခွင့်အရေးကော်မ ရှင်နှင့်အစိုးရအဖွဲ့အားလုံးဆီ ကိုဒီ နေ့ပဲ (ဇွန်(၈)ရက်နေ့)  စာပို့ထား ပါတယ်'' ဟု ဝက်မှေးကျေးရွာမှ ကို အောင်ဇော်ဦးကဆိုသည်။

ထို့တိုင်ကြားစာတွင် ဆည်တည်း၊ဝက်မှေး၊ ကျော်ရွာ၊မိုးကြိုးပင်သုံးရွာ၊ဖောင်းကားရွာသုံး ရွာနှင့် ယခင်က စီမံကိန်းကြောင့် လယ်ယာမြေများ အသိမ်းခံခဲ့ရသည့် ရွှေလှေရွာနှင့်ကန်ကုန်းကြီး၊အောင် ချမ်းစည်၊ ကန်တော၊ ဇီးတောနှင့်ကြုံ တောကျောင်း ကျေးရွာ(၁၁)ရွာတို့က ဒေသခံတောင်သူများ စုပေါင်း၍ တိုင်ကြား စာပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသခံ တောင်သူများကဆန္ဒပြခြင်းမှာမေ လ(၃၁)ရက်နေ့ညနေ(၅)နာရီတွင် ဝက်မှေး ကျေးရွာရှိယာ မြေများ ပေါ်သို့စီမံ ကိန်းစွန့်ပစ်မြေများအ ကြိမ်ကြိမ်စုပုံရာမှယာခင်းများပေါ် တွင်ထပ်မံ စွန့်ပစ်ခြင်း မပြုရန်အဆို ပါကုမ္မဏီ ရှိရာသို့သွားရောက်တောင်း ဆို ခဲ့ရာတွင်တောင်းဆိုမှုများကိုညှို နှိုင်းပေးခြင်း မရှိဘဲအဆိုပါကုမ္မဏီ မှလုံခြုံရေးများနှင့်တရုတ်လူမျိုးတို့ ကမြေစာပုံပေါ်မှ မြေစာပုံ အောက်ရှိ တောင်းဆိုရန်လာရောက်ခဲ့သည့် ဝက်မှေးကျေးရွာသူ၊ရွာသားများ ပေါ်သို့လှိမ့်ချခြင်း၊ ခဲများနှင့် ပစ်ပေါက်ခြင်းများကိုပြုလုပ်ခဲ့ခြင်းမှစ ဆင်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတို့ ကဆိုကြသည်။ ယာခင်းများ ပေါ်တွင်စွန့်ပစ်မြေစာများ  စုပုံခြင်းနှင့် လုပ်ကိုင်စားသောက် လျှက် ရှိသည့် ယာမြေများ ပေါ်တွင် အဆောက်အ ဦးများထပ်မံဆောက်လုပ်ခြင်းမပြု လုပ်ရန်လက်ပန်းတောင်းတောင်စီမံ ကိန်းဘေး ပတ်လည်ရှိကျေး ရွာခု နစ်ရွာမှအင်အား(၈၀၀)ကျော်က မေလ(၂)ရက်နေ့မှ(၄)ရက်နေ့အထိ အဆိုပါ ကုမ္မဏီ ရှေ့တွင်  မရပ်မနား တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မေလ(၃၁)ရက်နေ့ည ကဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့် ညောင်ပင်ကြီးရဲစခန်းမှစခန်းမှူး ဦးသိန်းအောင်ထံသို့ချက်ချင်းအ ရေးယူပေးပါရန်တင်ပြခဲ့ကြောင်း၊ ထို့နောက်တစ်စုံတစ်ရာဆောင်ရွက် ပေးခြင်း မရှိသည့်အတွက်ဇွန်(၁)ရက် နေ့တွင် စီမံကိန်း ဆောင်ရွက်နေ သောမြန်မာ ဝမ်ပေါင် ကုမ္မဏီသို့ဝက် မှေးကျေးရွာမှ ရွာသားများတွေ့ ဆုံရန်သွား ရောက်ရာလမ်းခုလတ် တွင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် မှယာမြေပေါ်ရှိမြေများ ကိုပြန်လည်ဖယ် ရှာပေးမည် ဟုဆို ကာရွာသို့ ပြန်ရန် ပြောကြားခဲ့ကြောင်း၊ ရွာသို့ပြန်ခဲ့ သော် လည်း မြေစာများ လာရောက်ဖယ်ရှား ခြင်းမရှိသည့် အတွက် နောက်တစ် နေ့ ဇွန်(၂)ရက်နေ့နံနက်(၁၀)နာရီ တွင်ပုသိမ်-မုံရွာကားလမ်း ဆုံအနီး ရှိသည့် အဆိုအပါ မြန်မာဝမ် ပေါင် ကုမ္မဏီသို့ ဝက်မှေးရွာ၊ကျော်ရွာ နှင့်ဆည်တည်း ရွာတို့မှ ရွာသူရွာ သားတစ်ရာခန့်က  ဆည်တည်းရွာမှ ခြေလျှင်ခရီးဖြင့် အဆိုပါကုမ္မဏီ သို့ထပ်မံသွား ရောက်ခဲ့သည်  ဟု ထို သို့သွားရောက်ရာ တွင်ပါဝင်ခဲ့သူ ဦး အောင်ဇော်ဦး ကဆိုသည်။

ထို့သို့ သွားရောက်ရာ တွင်ဆန္ဒပြရန်  ရည်ရွယ်ထားခြင်း မရှိသော်လည်းရဲမင်းကြီး၊ခရိုင်အုပ် ချုပ်ရေးမှူး နှင့်သက်ဆိုင်အဖွဲ့ အစည်းများမှတာဝန်ရှိသူများလာ ရောက်သော်လည်းပြေလည်အောင် ညှိုနှိုင်း ဆောင်ရွက် ပေးခြင်း မရှိ သည့်အတွက်  ဆန္ဒပြတောင်းဆိုခဲ့ပြီး ၊အချက်(၄)ချက်ဖြစ်သော-ယာ မြေများ ပေါ်တွင်  အဆောက်အဦး များဆောက်လုပ်ခြင်းကို ထပ် မံမပြုလုပ်ရန်၊ယာမြေများပေါ်တွင် စီမံကိန်း စွန့်ပစ်မြေများ  စွန့်ပစ် ခြင်း မပြုရန်၊ချိတ်ပိတ်ထားသည့် ဘုန်း ကြီးကျောင်း နှင့်စာသင်ကျောင်း တို့ အားပြန် လည်ဖွင့်လှစ်ပေး  ရန်စသည့် အချက်များကိုတောင်းဆိုခဲ့ကြောင်း သိရသည်။   

 အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့ နယ်ရှိ လက်ပံတောင်း တောင်ကြေးနီတူး ဖော်ရေးစီမံကိန်း ကိုမြန်မာနိုင်ငံမှစီးပွားရေးဦးပိုင် လီမီတက်နှင့်တရုတ်နိုင်ငံမှကုမ္မဏီတို့အကျိုးတူ ပူးပေါင်းတူးဖော် ရန် ၂၀၁ဝ  ခုနှစ် ဩဂုတ်လ တွင်စတင်  ခဲ့ကြပြီး ၂၀၁၁  ခုနှစ်  ဖေဖော်ဝါရီ လမှစတင်ကာ စီမံကိန်း  ကိုအကောင် အထည်ဖော်ဆောက်  လုပ်ခဲ့သည်  ခြင်းဖြစ်သည်ဟုဆိုသည်။


ရန်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။