MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Saturday, June 9, 2012
မောင်တောမြို့ တွင်ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ ၌ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများ အပေါ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ကိုယ်တိုင်  မောင်တောမြို့ သို့ ရောက်ရှိ ကာ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက သတင်း ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ဖြစ်စဉ်များ၌ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများ အတွက် မောင်တောမြို့ တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး စခန်းများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ရေး ပစ္စည်း (၃.၃) တန်နှင့် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဘေထုပ် (၅၀) (စုစုပေါင်း ၂ တန်ကျော်) ပေးပို့ပြီး ဖြစ်ကြောင်းနှင့် ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်းသိရှိရသည်။
မောင်တောမြို့ ၏ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု အခြေအနေ ကောင်းများအား ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုး စောင့်ရှောက်မှု များကြီးကြပ် ဆောင်ရွက်နိုင်ရန် အတွက် ဒုတိယသမ္စတ ဒေါက်တာစိုင်းမောက်ခမ်း ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဆွေ တို့ မောင်တောမြို့ သို့ ရောက်ရှိ ကွပ်ကဲလျက် ရှိကြောင်း သတင်း ရရှိသည်။
ယင်းဖြစ်ရပ်ကြောင့် ထိခိုက် ဒဏ်ရာရသူများနှင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆေးဝန်ထမ်း (၃၂) ဦးနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေး အဖွဲ့ (၁) ဖွဲ့တို့ယနေ့ ရောက်ရှိပြီး  ကျန်းမာရေး စောင့်ရှောက်မှုများ စတင် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
ရန်ကုန်တိုင်းမ်
No comments:
Post a Comment
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။