MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

 အလုပ်သမားများကို အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်မည့် အနည်းဆုံး အခကြေးငွေ ဥပဒေကို လာမည့်လွှတ်တော်တွင်တင်ရန် အသင့်ဖြစ်နေပြီဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား



အလုပ်သမားများကို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးနိုင်မည့် အနည်းဆုံးအခကြေးငွေဥပဒေကို လာမည့်လွှတ်တော်တွင်တင်ရန် အသင့်ဖြစ်နေပြီဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာ့ CMP လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများကို Stakeholders များ စုပေါင်းဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
''အနည်းဆုံး အခကြေးငွေဥပဒေကို ရေးပြီးပါပြီ။ လာမယ့်လွှတ်တော်မှာ စတင်ဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီမှာ
အလုပ်သမားတွေရဲ့ ပါဝင်ပတ်သက်ရမယ့်အပိုင်းက အမျိုးသားကော်မတီ ဖွဲ့စည်းမယ်။ ပြီးရင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းမယ်။ အဲဒီကော်မတီတွေမှာ အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေပါမယ်။ အားလုံး သုံးပွင့်ဆိုင်တွေပဲ။ အဲဒါကြောင့် ကျွန်တော်က အလုပ်သမား အဖွဲ့အစည်းတွေ မြန်မြန် ဖွဲ့စည်းစေချင်တယ်။ အလုပ်သမားအဖွဲ့ချုပ်တွေ မြန်မြန်ဖြစ်ပေါ်စေချင်တယ်''ဟု ၎င်းက ပြောကြားသွားခဲ့သည်။
နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသည့် အနိမ့်ဆုံး အခကြေးငွေစနစ် ဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါအနည်းဆုံး အခကြေး ငွေဥပဒေတွင် လုပ်အားခေါင်းပုံဖြတ်မှုကို ကာကွယ်ပေးခြင်း၊ အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းကို လက်ခံနိုင်ဖွယ် အခြေအနေသို့ ရောက်အောင် မြှင့်တင်ပေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် မျှတသော လုပ်ခပုံစံဖြစ်အောင် ဖော်ဆောင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချပေးခြင်းတို့ကို ဦးစားပေး ထည့်သွင်းသွားမည်ဟု ဦးအောင်ကြည်က ဆိုသည်။
၎င်းအပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ဆက်လက်ရေးဆွဲနေသည်ဟု အလုပ်သမားဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဥပဒေတွင် အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းများကို ကွန်ပျူတာဖြင့်သာ လုပ်ကိုင်ဆောင် ရွက်သွားရန်နှင့် ခေတ်မီအောင် ဆောင်ရွက်သွားရန်၊ အလုပ်ခန့်ထားမှု သဘောတူညီချက် စာချုပ်ချုပ်ဆိုရမည့် နည်းလမ်းများနှင့် တိကျမှုများ ပါဝင်သွားမည်ဖြစ်ပြီး အလုပ်အကိုင် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းသွားမည်ဟု သိရသည်။
''အမှန်အတိုင်းပြောရရင် သူများတွေကို မမီလို့ မဖြစ်တော့ပါဘူး။ ကျွန်တော့်စိတ်ထဲက ခံစားချက်အတိုင်းပြောရရင် သိပ်ကို နောက်ကျနေပါပြီ။ ၂၀၁၅ မှာ Free Flow of Skilled Labour  ဆိုတာ လာတော့မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတော့မယ်။ ၀င်လာပြီဆိုတာနဲ့ သူ့လုပ်သားတွေ ပါလာမယ်။ ကိုယ့်ဆီကလူတွေက မကျွမ်းကျင်ရင် နလပိန်းတုံးဘ၀နဲ့ တစ်သက်လုံး ကျန်နေမယ်။ ဒီလိုအဖြစ်မျိုးမခံချင်ရင် ကျွန်တော်တို့ ကြိုးစားကြရမယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က တိုက်တွန်းပြောကြားသွားခဲ့သည်။ မြန်မာ့ CMP (Cut, Manufacture and Produce) အချုပ်အလုပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ခဲ့သော အဆိုပါဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးဝင်းမြင့်၊ စက်မှု (၁)နှင့်(၂) ၀န် ကြီးဦးစိုးသိန်းနှင့် မီးရထားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့အပြင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက်လာကြပြီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။