MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 4, 2012

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

2012-06-03
မကွေးမြို့မှာ မြေလတ် ကျောင်းသားများသမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂမရှိရင် အခွင့်အရေးမရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မကွေးမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၄ ကျောင်းက ကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုချမ်းငြိမ်းသူက အခုလို ပြောပြပါတယ်။
"အဖွဲ့ဝင် အယောက် ၂၀ ပါပါတယ်။  အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းတွေမှာ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ရယ်၊
တက္ကသိုလ်ကျောင်း ပညာရေးတွေကိုလည်း အဆင့်အတန်း မြင့်မားအောင် ပြန်လုပ်မယ်ပေါ့။ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ ပါတယ်။ အင်္ကျီတွေ ထုတ်မယ်။ အရှေ့က ဗိုလ်ချုပ်အောင်ဆန်း သမဂ္ဂတုန်းက ပုံနဲ့ အနောက်မှာတော့ No Union, No Rights ဆိုတဲ့ သမဂ္ဂမရှိရင် အခွင့်အရေး မရှိဘူး ဆိုတဲ့စာ။ နောက်ပြီး မောင်သန့်ရေးတဲ့ မြန်မာဘာသာပြန် ကျောင်းတွင်းဒီမိုကရေစီဆိုတဲ့ စာအုပ်တွေကိုလည်း အုပ် ၂၀၀၀ လောက် ဖြန့်မယ်"
ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးနောက် မြေလတ် ဒေသတွင်းက မြို့နယ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဆက်လက် ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်သွားမယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီဇွန်လအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီမိုကရေစီကို မြတ်နိုးတဲ့ ကျောင်းပတ်ဝန်းကျင် ဖြစ်လာရေးကို ရည်ရွယ်ပြီး မောင်သန့် ရေးသားတဲ့ ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ စာအုပ်ကိုလည်း ထပ်ဆင့် ဖြန့်ဝေသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။