MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

ရခိုင်ပြည်နယ်က ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲ

အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူတွေ နဲ့ ရွှေ့ပြောင်းရသူ သောင်းနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။
စစ်တွေမြို့မှာတင် ဒေသခံ ဒုက္ခသည် ၂ သောင်းနီးပါး ရှိတယ်လို့ စစ်တွေမြို့အခြေစိုက်ဝံလက်
လူမှုရေး ဖောင်ဒေးရှင်းက ဆိုပါတယ်။မိုးစတင်ရွာနေပြီ ဖြစ်တာကြောင့် အဲဒီ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်စရာရှိတယ်လို့လည်း ပြောပါတယ်။ မောင်တောမြို့ကို အထောက်အပံ့ ပစ္စည်းတွေ ပေးပို့နေပြီး ဘူးသီးတောင်မှာ အကူအညီမလုံလောက်လို့ ဒုက္ခသည် တချို့ကို မောင်းတောကို လုံခြုံရေးအစောင့်အရှောက်နဲ့ ပြန်ပို့တာ ရှိတယ် လို့ မောင်တောမြို့က ဒုက္ခသည်ကူညီရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဦးမြကျော်က ပြောပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အဆိုအရ ပဋ္ဋိပက္ခတွေကြောင့် ဒေသခံလူ ၃ သောင်းကျော် နေရပ်ရွှေ့ပြောင်းရပြီး ဒုက္ခသည် စခန်း ၃၇ ခုမှာ လူ သုံးသောင်း ထောင့်ကိုးရာကို နေရာချထားပေးတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်ပဋိပက္ခတွေအတွင်း အိုးအိမ်စုစုပေါင်း ၁၆၀၀ လောက် ပျက်စီးသွားခဲ့ပြီး၊ သေဆုံးသူ ၂၁ ဦး နဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းကို ခြိမ်းခြောက်မှုတွေ ဖြစ်စေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Quintana က ပြောလိုက်ပါတယ်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက ဇာစ်မြစ်ကိုအစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူဖို့ တောင်းဆိုကြောင်း၊ အဲဒီလို ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံ မှုတွေဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်နေတာ ဖြစ်ကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ အားလုံးအနေနဲ့ အကြမ်း ဖက်မှုတွေကို ရှောင်ရှားကြပြီး တရားဥပဒေကို လေးစားလိုက်နာကြဖို့ လိုအပ်ကြောင်း" မစ္စတာ ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်များ အခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။