MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား နှစ်စင်းအား အချိန်တစ်နှစ်အတွင်း အပြီးတည်ဆောက်မည် ဘုရင့်နောင်လမ်းအတိုင်း တံတားမှာ လေးလမ်းသွားဖြစ်ပြီး သမိုင်းဘူတာရုံ လမ်းအတိုင်း တံတားမှာ နှစ်လမ်းသွားဖြစ်ကြောင်း သိရ

7355
တည်ဆောက် ဖြစ်ပေါ်လာမည့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားများပုံ



ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားနှစ်စင်းအား အချိန်တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဟု တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီ ဖြစ်သော First Myanmar Investment Co.,Ltd.(FMI)  မှ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဇွန်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားနှစ်စင်းကို တစ်နှစ်အတွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဘုရင့်နောင်လမ်းအတိုင်း တည်ရှိမယ့် ခုံးကျော်တံတားက အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းနဲ့
စုစုပေါင်းလေးလမ်း သွားဖြစ်ပြီး သမိုင်းဘူတာရုံလမ်း အတိုင်းတည်ရှိမယ့် ခုံးကျော်တံတားကတော့ အသွားတစ်လမ်း အပြန်တစ်လမ်းနဲ့ စုစုပေါင်းနှစ်လမ်းသွား ဖြစ်ပါတယ်။ တံတားအမျိုးအစားကတော့ သံကူကွန်ကရစ် တံတားဖြစ်ပါတယ်” ဟု FMI ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူဦး သိမ်းဝေက ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဘုရင့်နောင် လမ်းဆုံခုံးကျော် တံတားစီမံကိန်း ပန္နက်တင် အခမ်းအနား၌ပြောကြားခဲ့သည်။
ယင်းခုံးကျော်တံတား၏ စီမံကိန်းပိုင်ရှင်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဖြစ်ပြီး တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီမှာFMI ကုမ္ပဏီဖြစ်ကြောင်း၊ တံတား ဒီဇိုင်းပုံထုတ်ပညာရှင်နှင့် စီမံခန့်ခွဲမှု ပြုလုပ်မည့် အဖွဲ့အစည်းမှာ ထိုင်းနိုင်ငံမှ  Asian Engineering Construction Co.,Ltd ဖြစ်ကြောင်း သိရသည်။ အကောင်အထည်ဖော် တည်ဆောက်မည့် ကုမ္ပဏီများမှာ First Myanmar Construction Co.,Ltd နှင့် Prestressed Concrete (Thailand) Co., Ltd  တို့ဖြစ်ကြောင်း သိရသည်။
တောင်မြောက် ဘုရင့်နောင် လမ်းအတိုင်း တည်ဆောက်မည့် ခုံးကျော်တံတား၏အရှည်မှာ ၁၄၄၄ ပေဖြစ်ပြီး ၇၅ တန်ခံနိုင်ရည်ရှိသည့် တံတားအဖြစ် တည်ဆောက်သွားမည်ဟု သိရသည်။ အရှေ့အနောက် သမိုင်းဘူတာရုံ လမ်းအတိုင်း တည်ရှိမည့် ခုံးကျော်တံတား၏ အရှည်မှာ ၁၉၆၉ ပေရှိပြီး တန် ၆၀ ခံနိုင်ရည်ရှိမည့် တံတားဖြစ်ကြောင်း သိရသည်။
မြေပြင်ပေါ်ရှိဘုရင့်နောင် လမ်းမကြီးအား လက်ရှိ ၆ လမ်း သွားမှ ၈ လမ်းသွားအဖြစ် ချဲ့ထွင်သွားမည်ဖြစ်ပြီးသမိုင်းချောင်း တံတားငယ်အား လက်ရှိ ၆ လမ်း သွားမှ ၈ လမ်းသွားအဖြစ် တိုးချဲ့ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သမိုင်းဘူတာရုံ လမ်းမကြီးအပိုင်းတွင်လည်း လမ်းဆုံမှ ဘုရင့်နောင်တံတားဘက် အခြမ်းတွင် လမ်းအား မူလ ၄ လမ်းသွားမှ ၆ လမ်းသွားအဖြစ်၊ လမ်းဆုံမှ သမိုင်းဘူတာရုံလမ်း ဘက်အခြမ်းတွင် မူလ ၄ လမ်းသွား အား ချဲ့ထွင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။