MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ဗီဒီယိုလောကနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့ ၂ နှစ်လောက်က အကြောင်းကိုဖွင့်ဟပြောပြတဲ့ နေမျိုးအောင်

ဒါရိုက်တာနေပိုင် ရိုက်ကူးပေးနေပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မြတ်လှိုင်း (ကဗျာ) ရဲ့ “အလင်းဦးရင်ခွင်” ဆိုတဲ့ဗီဒီယိုဇာတ်ကား မှာ နေမျိုးအောင်က မိုးပြည့်ပြည့်မောင်နဲ့ အတူရိုက်ကူးပေးနေပါတယ်။ ဒရာမာဇာတ် လမ်းလေးဖြစ်တဲ့ ဒီဇာတ်ကားထဲမှာ နေမျိုး အောင်က (၂ ကိုယ်ခွဲ) ဇာတ်ရုပ်နဲ့ သရုပ် ဆောင်နေတာဖြစ် ပါတယ်။  နှစ်ကိုယ်ခွဲ ဇာတ် ရုပ်တွေ အများကြီးသရုပ်ဆောင်ခဲ့ဖူးပေမယ့် လည်းအခုတစ်ခါသရုပ်ဆောင်ရတဲ့နှစ်ကိုယ်ခွဲ
ဇာတ်ရုပ်နဲ့တော့ကွဲပြားမှုရှိကြောင်းပြောပါတယ်။မျိုးဆက်သစ်အနုပညာရှင်တွေပေါ် ထွန်းလာနေပေမယ့်လည်း အောင်မြင်မှုလမ်း ကြောင်းအပေါ်ကိုရောက်ရှိလာမှုနည်းနေ သေးတဲ့အပေါ်ကိုမေးကြည့်တော့ “အစ်ကိုတို့ တုန်းက   တော့ အောက်ခြေကနေစပြီးတော့ ကြိုးစားခဲ့ရတာလေ။ အစ်ကိုဆိုရင်ဒါရိုက် တာကြီးတွေရဲ့နောက်မှာမှတ်တမ်းရေးတယ်။ တည်းဖြတ်လုပ်တယ်။ ဆရာတွေညွှန်ကြား တာကို မှတ်သားတယ်။ လေ့လာခဲ့တယ်။ ဒါ ပေမဲ့ အဓိကကို ပြောရမယ်ဆိုရင်တော့ ကံ၊ ဥာဏ်၊ ဝီရိယပေါ့။ ကံလေးလည်းပါရမယ်။ ဝါသနာလည်းပါရမယ်။ ဝီရိယ အားလေး လည်းရှိရမယ်။ လေ့လာမှု အားလည်းကောင်း ရမယ်။ အဲဒါလေးတွေရှိ လာပြီဆိုရင်တော့ ပရိသတ်တွေကတော့ နာမည်တစ်လုံးဆိုတာ ပေးသွားမှာပါပဲ။ အက်တာတွေများ လာပေ မယ့် အစ်ကိုတို့လုပ် နေရတဲ့အနုပညာထဲမှာ သရုပ်ဆောင်ရှားတယ်”လို့ပြောပါတယ်။ ဗီဒီယိုလောကရဲ့ရေစီးကြောင်းကလည်း ကျန်ခဲ့တဲ့ ၁နှစ်၊ ၂ နှစ်လောက်က အတော် ကြီးကို ဒုက္ခရောက်ခဲ့ကြောင်း၊ ခိုးကူးခွေ ရေစီးကြောင့် အဲဒီနှစ်တွေက နယ်ဈေးကွက် တွေပျက်ပြီးအတော် ဒုက္ခရောက်ရကြောင်း ပြောပြ ပါတယ်။ “အခုအစ်ကို တို့ရုပ်ရှင်အစည်း အရုံးကို အကောင်းဆုံးဖြစ်အောင် ပြန်လည် ဖော်ဆောင်လိုက်ပြီလေ။ အစ်ကိုတို့ရဲ့ရှေ့က အနုပညာအကြီးအကဲတွေက ဦးစီးပြီးတော့   ညွှန်ကြား လုပ်ကိုင်နေကြတယ်။ အခု ခိုးကူး တွေလည်းဖမ်းတယ်။ နယ်ဈေးကွက်တွေ လည်း ပြန်ပြီးဟော့လာနေတဲ့အသံတွေကြား နေရပြီ။ နောက်ပိုင်း ဒီထက်ပိုကောင်းလာ ဖို့ပဲရှိပါတယ်” လို့ပြောပါတယ်။ အခုဆိုရင် ဆင်ဆာအဖွဲ့ကလည်း ဆင်ဆာ တွေကိုလျှော့ ပေးပြီဖြစ်တဲ့အတွက် ဇာတ်လမ်း အဆန်း တွေရိုက်လို့ရ လာကြောင်း၊ သရဲ ဇာတ်ကား တွေ ရိုက်ခွင့်ရလာခြင်းက ပြောင်းလဲမှုတစ်ခု ဖြစ်တယ်လို့ ပြောလို့ရသလိုပေါ်ပင် ကြောင့်လို့လည်းပြောလို့ရနိုင်ကြောင်းပြောပါတယ်။ “အစ်ကိုတို့ရဲ့နိုင်ငံမှာ ဒရာမာဆိုရင် ဒရာမာ ရိုက်ကြတယ်။ ကော်မစ်ဆိုရင် ကော်မစ်တွေ ချည်းရိုက်ကြတယ်။ဒါပေမဲ့ ခေတ်ရေစီးကြောင်း ပေါ်မှာလည်နေမှာပါပဲ။ သရဲ ကားတွေပြီးသွား ရင် ဘာလာဦးမလဲဆိုတဲ့အပေါ်မှာ ဒီအတိုင်း ဆက်လည်နေမှာပဲ။ ဒါပေမဲ့ ဇာတ်လမ်းဆန်း ဆန်းလေးတွေရိုက်သွားဖို့တော့ အရေးကြီး တယ်။ ဆင်ဆာ   လျှော့ပေးလိုက် တဲ့အတွက် အရင်ကဆင်ဆာမပေးခဲ့တဲ့ဇာတ်လမ်းတွေ ဆန်းသစ်ပြီးတော့ အများကြီးပေါ်လာဖို့ရှိ တယ်” လို့ပြောပြခဲ့တဲ့ နေမျိုးအောင်က ပရိသတ်တွေ ရဲ့ရင်ထဲထိစေတဲ့ ဇာတ်ကားတွေ ဆက်ရိုက်ပေးဦးမှာ ဖြစ်တဲ့အတွက် စောင့် ကြည့်အားပေးပါလို့ ထပ်လောင်းပြောပြခဲ့ပါ တယ်။
  ထက်လူလူ
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။