MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

နေပြည်တော်တွင် ဆိုင်းငံ့စနစ်ဖြင့် ၀က်များရောင်းချပေးနေ

နေပြည်တော်ဒေသကြီးတွင်းရှိ မြို့နယ်များတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမ၀ါယမဦးစီးဌာနတို့မှ ဦးစီး၍  ဒေသခံပြည်သူများအားဝက်များမွေးမြူနိုင်ရန် အတွက် ငွေကြေးဆိုင်းငံ့စနစ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ဝက်မွေးမြူလိုသော ဒေသခံများအနေဖြင့် စုဖွဲ့၍မြို့နယ်အုပ်ချုပ်ရေးရုံးနှင့်သမ၀ါယမရုံးများတွင် စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“မွေးမြူချင်တဲ့ သူတွေက မြို့နယ်သမ၀ါယမမှာ စာရင်းပေးနိုင်တယ်။ အခုဝက်သားပေါက် တစ်လသားကို ၇သောင်းနဲရာင်းတယ်။ ၀ယ်မွေးတဲ့သူတွေအနေနဲ့လည်း ပိုက်ဆံတစ်ခါတည်း ပေးစရာမလိုပါဘူး။
၆လပြည့် တော့မှ အခုဝယ်တဲ့၇သောင်းပဲ ပေးရမှာပါ။ ဘာအပိုကြေးမှ ပေးစရာမလိုပါဘူး”ဟု နေပြည်တော်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ
 ဒေါက်တာ ဒေါ်ညွန့်ညွန့်နွယ်က ပြောသည်။
အဆိုပါ ၀က်များအား မွေးမြူလိုသူများအနေဖြင့် သက်ဆိုင်ရာသမ၀ါယမရုံးများတွင် စာရင်းပေးသွင်းကာ မွေးမြူလိုသည့် ၀က်အမျိုးအစားအလိုက်ဈေးနူန်း(တန်ဖိုးငွေ)အား (၆)လပြည့်မှာသာ ပေးသွင်းရမည်ဖြစ်ပြီးဝက်ဈေးနူန်းမှာ အမျိုးအစားအလိုက် ကျပ်ငွေ ၇သောင်းမှ ၃သိန်းဝန်းကျင်အထိဈေးနူန်းများရှိကြောင်း သိရသည်။


“၀က်(၇)သောင်းတန် တစ်ကောင်လောက်ကို (၆)လနေမှ သွင်းရမှာဆိုတော့အဆင်ပြေပါတယ်။ မွေးဖို့လည်း အချိန်ရတယ်။ ကိုယ်မွေးနေတုန်းမှာအကောင်ကလည်းဖြစ်မယ်ဆိုရင် ပြန်ရောင်းရင်တောင် ၉သောင်း ၁သိန်းတော့ရနိုင်တယ်။    နောက်ဆုံးပြန် ရောင်းရင်တော့ အရင်းတိုင်း ပြန်ရတောင်မရှုံးနိုင်ဘူး”ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ဦးမျိုးမင်းက ပြောသည်။


နေပြည်တော်ဒေသ သီရိ(၅)မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင်သမ၀ါယမဦးစီးဌာနမှ ၀က်မွေးမြူလို သူများအား စာရင်းကောက်ခံနေကြောင်း၊လက်ရှိတွင် ဇဗ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်များတွင်ဆောင်ရွက်လျက်ရှိပြီး  ၊   လယ်ဝေးမြို့နယ်ရှိ ရွာ (၂) ရွာတွင်ဝက်များရောင်းချခဲ့ပြီးဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။


အောင်ကိုကိုလတ် (မြစ်မခ)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။