MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြေမြှုပ်မိုင်းရှင်းလင်းရေး နော်ဝေ ထောက်ပံ့ကူညီမည်

အစိုးရမှ မြေမြှုပ်မှိုင်းရှင်းလင်းရေးကို အကောင်အထည်ဖော်ရာတွင် နော်ဝေမှ ကူညီထောက်ပံ့မည် ဟု သိရသည်။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော ငြိမ်းချမ်းရေးကော်မတီ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ စမ်းသပ်စီမံကိန်းများတွင် ကူညီရန် ကန်ဒေါ်လာငါးသန်း လျာထားကြောင်း နော်ဝေလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Targeir Jarsent က ပြောသည်။
ဒီစီမံကိန်းကတော့ မြန်မာနိုင်ငံက ချမှတ်ရမှာပေါ့။ ကျွန်တော်တို့ကတော့ လိုအပ်မယ့်ငွေကြေး အကူအညီ၊ နည်းပညာအကူအညီတွေ ထောက်ပံ့သွားမှာပေါ့။  ဟု ၄င်းက ဆက်ပြောသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကအစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ
ခိုင်မာလျှင်မြေ မြှုပ်မိုင်းရှင်းလင်းရေး ကို အကောင်အထည်ဖော်မည်ဟု ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ၄င်းက ”ဒါမှ မငြိမ်မသက်ဖြစ်ခဲ့တဲ့ဒေသတွေမှာ စိတ်ချလက်ချသွားလာရမှာ”ဟု ဆက်ပြောသည်။
မြေမြှုပ်မိုင်းများကို တိုက်ခိုက်ရေးအတွက် အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အသုံးပြုနေသကဲ့သို့ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသခံ ရွာသားများကလည်းအသုံးပြုမှုရှိကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)၏ ‘စိတ်ချ သေချာမှုမရှိသောမြေ’ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာတွင် ဘားအံ၊ ဒူးပလယာ၊ ဖာပွန်၊ ညောင်လေးပင်၊ တနင်္သာရီ၊တောင်ငူနှင့် သထုံခရိုင် ဒေသ ၇ ခုရှိ ဒေသခံရွာသားများ ကလည်း အစိုးရတပ်များ ဝင်ရောက် လာလျှင် အချက်ပေးကိရိယာအဖြစ် အသုံးပြုရန် ရွာအနီးနှင့် တောလမ်း တချို့တွင် မြှုပ်နှံထားခဲ့ကြောင်း ဖော်ပြထားပြီး ထိုသို့အသုံးပြုနေခြင်းကို  ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှစ၍ ယခု နှစ်မေလထိ အဆိုပါခရိုင် ၇ ခု၌ ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မိုင်းအသုံးပြုမှုကြောင့် လူအသေအပျောက် ဆုံးရှုံးသည့်နိုင်ငံများထဲတွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာနိုင်ငံတို့သည် ထိပ်ဆုံးမှရှိနေပြီး မြန်မာနိုင်ငံမှာ တတိယမြောက် ဖြစ်ကြောင်း နိုင်ငံတကာ မြေ မြှုပ်မိုင်းတားဆီးကာကွယ်ရေး အဖွဲ့ (ICBL) က  ထုတ်ပြန်ထားသည်။
နိုင်ငံပေါင်း ၁၅၆ နိုင်ငံက မိုင်းအသုံးမပြုရေးစာချုပ် လက်မှတ်ထိုး သဘောတူထားပြီး တရုတ်၊ အမေရိကန်၊ရုရှား ၊မြန်မာ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ၃၉ နိုင်ငံက လက်မှတ်ရေးထိုး မထားကြောင်း သိရသည်။

ကျော်ရဲလင်း

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။