MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ယှဉ်ပြချင်တဲ့’ငြိမ်းကိုရှက်ပါ’ ဇာတ်လမ်းတွဲ

Studio35 မှထုတ်လုပ်စီစဉ်ပြီး ဒါရိုက်တာနေပိုင် ရိုက်ကူးသည့် ‘ငြိမ်းကိုရှက်ပါ’၊ ဒါရိုက်တာခင်မောင်ဦး၊စိုးသိမ်းထွဋ် ရိုက်ကူး သည့် ‘ဆံမြိတ်မပြေ’၊ ဒါရိုက်တာ ဇော်ဆက် ရိုက်ကူးသည့်  ‘သံယောဇဉ်မှတ်တမ်း’ စသည့် မြန်မာဇာတ်လမ်းတွဲများကို ရုပ်မြင်သံကြား တွင် ပြသခွင့် အကြိမ်ကြိမ်တင်ထားသော် လည်း ပြသခွင့် မရရှိသေးကြောင်း သိရသည်။ အဆိုပါ မြန်မာဇာတ်လမ်းတွဲများကို ပြသ ခွင့်ရရန် ထုတ်လုပ်လုပ်သူများ၊ ဒါရိုက်တာ များ၊ သရုပ်ဆောင်များကမျှော်လင့်နေကြ ကြောင်းသိရသည်။ စာရေး ဆရာမ မိုးမိုး(အင်းလျား)၏ ‘ငြိမ်းကိုရှက်ပါ’ ဇာတ်လမ်းကို ၂ဝဝ၈ ခုနှစ်ကစတင် ရိုက်ကူးခဲ့ပြီး ဇာတ်ညွှန်းကို ဆရာမြသန်းစံက ရေးသားကာ ရဲအောင်၊
စိုးမိုးကြည်၊ ပန်းဖြူ၊ ဒေါ်မြင့်မြင့်ခင၊် ခိုင်ငြိမ်း ငြိမ်းစံနှင့်studio35မှ သရုပ်ဆောင် သစ် များလည်းပါဝင်သရုပ် ဆောင်ထားသည်။’ငြိမ်းကိုရှက်ပါ’ ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ှ Studio35 ထုတ်လုပ်ရေးမှ ဦးရဲနိုင်စိုးက ”ဇာတ်လမ်းတွဲအနေနဲ့ အပိုင်း၁ဝပိုင်းရှိပါတယ်။ဒီဇာတ်လမ်းတွဲကို မြဝတီရုပ်မြင်သံ ကြားကို ပြသခွင့်တင်တယ်။ အဲဒီမြဝတီ ရုပ်မြင်သံကြားက ပြသခွင့်ကိုအစပိုင်းကလုပ်ပေး နေသေးတယ်။ခုထိတော့ ပြသခွင့်မရသေးပါ ဘူး။ အိမ်ထောင်ရေးဖောက်ပြန်ရင် မပြရဘူး ဆိုတဲ့ မူဝါဒကြောင့် ထင်ပါ တယ်။ နောက်ပိုင်း စနေ နေ့တိုင်း မြဝတီရုပ်မြင်သံကြားမှာ ကျွန် တော်တိှု့ Studio35 ကဗီဒီယိုကားတွေ ပြတာ ရှိတယ်။ အဲဒီကားတွေက လည်း မြန်မာ့ရုပ်ရှင် လုပ်ငန်း ဆင်ဆာခွင့်ပြုပြီး အပြင်မှာ ပြသ တဲ့ ဇာတ်ကားကို ပြန်ဝယ်ပြီး ပြတာပေါ့။ ကျွန်တော်တို့က ဆင်ဆာရပြီးသားကိုပဲ သူတို့ ဆီပြန်တင်ရင် သူတို့က အဲဒီလိုအခန်းတွေ ပါတဲ့ ဇာတ်မျိုးဆို မြဝတီအနေနဲ့ ခွင့်မပြုဘူး။ ဇာတ်လမ်းသဘောအရတစ်ပင်လဲ လို့တစ် ပင်ထူရင်ရတယ်။ မိန်းမသေသွားတယ် ။ ယောက်ျားသေသွားတယ်။နောက်ထပ်ထပ်ယူ တယ်ဆိုရတယ်။ရှိနေတုန်းမှာမိန်းမ၂ ယောက်၊ ယောက်ျား၂ ယောက်ပြိုင်တူယူလို့ မရဘူးတဲ့။ ဇာတ်တွေရဲ့အနေအထားကလည်း နောက် ပိုင်းမှာ အဲဒီလိုဇာတ်တွေကို တချို့ဗီဒီယိုတွေ မှာရိုက်ကြတယ်။ ရုပ်ရှင်လုပ်ငန်းက ခွင့်ပြု တယ်။မြဝတီကခွင့်မပြုဘူး။ ကျွန်တော်တို့မြန် မာ့အသံကိုလည်း တင်ပြထားတာရှိပါတယ်။ တင်ပြထားဆဲပါပဲ။ ‘ဆံမြိတ်မပြေ’ဇာတ်ကား က ‘ငြိမ်းကိုရှက်ပါ’ပြီးရင် ပြသဖို့ လုပ်ထားတဲ့ ကားပါ။ကျွန်တော်တို့က မြဝတီရုပ်မြင်သံ ကြားမှာ ၇နာရီ ကိုရီးယားဇာတ်လမ်းတွဲနဲ့ အပြိုင်ပြ ချင် တာ။ကျွန်တော်တို့ဇာတ်လမ်းတွဲ စတည်ပြီးရိုက်ကတည်းက အရင်တုန်းက အိပ်မက်ဆိုးမှမနိုးခင်ဆိုတဲ့ ဆရာတင်သန်းဦး ရိုက်တဲ့ကားမှာ အပိုင်းတစ်ပိုင်းက ၄၅ မိနစ်ရှိ တယ်။ ၄၅မိနစ်စာကိုချိန်ပြီး ဇာတ်ညွှန်းရေးပြီး ရိုက်ထားတာ။ မြဝတီရုပ် မြင်သံကြားမှာ ၄၅ မိနစ်စာပြသခွင့်ပေးဖို့က ၇ နာရီကိုရီးယား ဇာတ်လမ်းတွဲနေရာနဲ့ ၉ နာရီခွဲ မှာပြတဲ့အရင် ကတော့ တရုတ်ကားပေါ့။ အခုတော့ ကိုရီး ယားကား ၂ နေရာပဲရှိတယ်။ ကျန်တဲ့နေရာက မိနစ် ၂ဝစာပြသတဲ့ကား တွေပဲရှိတယ်။ ကျွန် တော်တို့ ၄၅ မိနစ် စာ ရိုက် ထားတာကို မိနစ် ၂ဝကိုအလယ်တည့်တည့်က ထပ်ပိုင်းဖို့ အဆင်မပြေဘူး။ မြဝတီရုပ်မြင်သံကြားက အရင်တုန်းက ကိုရီးယားဇာတ်လမ်းတွဲ နေရာကိုပြသဖို့ စာချုပ်စာတမ်းအရ သဘော တူပြီးသား။ နောက်ပိုင်းကျတော့ ၇ နာရီဇာတ် လမ်းတွဲနေရာမှာ ကိုရီးယားကားကိုပဲ ပြရ မယ်။မြန်မာကားက ကြော်ငြာမရဘူးဆိုတဲ့ အနေ အထား နဲ့သူတို့ကပေးမပြဘူး။ မြန်မာ့ အသံကလည်း ဇာတ်လမ်းတွဲတွေရိုက်ဖို့ရှိတဲ့ အခါကျတော့ ကျွန်တော်တို့ဆီကို အကြောင်း ပြန်မှာပေါ့။ ဘာမှမသိရသေး ပါ ဘူး။ လောလောဆယ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတုန်းပါပဲ။ ကျန်တဲ့ပုဂ္ဂလိကရုပ်သံ လိုင်းတွေနဲ့တော့ ညှိတုန်းပါပဲ။ အတတ်နိုင် ဆုံးကျွန်တော်တို့က လိုက်လျောပေးဖို့အဆင် သင့်ပါပဲ”ဟုရှင်းပြခဲ့သည်။ ‘ငြိမ်းကိုရှက်ပါ’ ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနေ ပိုင်ကလည်း” ပြသခွင့်ရရင်တော့ ကောင်းပါ တယ်။ Studio35 က သရုပ်ဆောင်တွေက လည်း ကြိုးစားထားကြတယ်။ ကိုရဲအောင်တို့၊ ပန်းဖြူတို့အားလုံးလည်းကြိုးစားထားကြပါ တယ်။ ဇာတ်လမ်းတွဲတစ်ခုလုံးစာကို ရိုက်တာ ဆင်းန်၂ဝဝကျော်တယ်၊၊ လွှင့်မယ့်အပိုင်းတွေကို စီစဉ်ပြီးရိုက်သွားတယ်။ ကျွန်တော်တို့ ဒီဇာတ် လမ်းတွဲကို၄၅ ရက်လောက်ရိုက်ရတယ်။ဇာတ် ကား၅ကား ၊၆ကားစာလောက် အချိန်ပေးပြီးရိုက် ထားရတာပါ”ဟုပြောပြသည်။

ခိုင်ဝေလွင်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။