MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 11, 2012

မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ မူလတန်း ကျောင်းသူ/ကျောင်းသား တသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့ လူမှုအဖွဲ့တွေက ဖွင့်ထားတဲ့ ကျောင်းတွေကတဆင့် ဝေးလံခေါင်သီဆုံး ဒေသ
တွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတွေကို ကူညီသွားမှာပါ။ တချို့ကျောင်းတွေမှာဆို သေချာလေ့ကျင့်ပြီးသား ဆရာ/ ဆရာမ ဦးရေက တဝက်တောင် မရှိကြပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဘော့ကား Bob Carr က
၎င်း၏ သုံးရက်ကြာမြန်မာပြည် ခရီးစဉ်အပြီး သောကြာနေ့က ကြေညာသည်။

မြန်မာကလေး တဝက်မျှသာ မူလတန်း ပြီးမြောက်အောင် ပညာသင်နိုင်ကြပြီး ကျန်ကလေးငယ်များမှာ အစားအစာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့လျက်ရှိကာ ပညာသင်ကြားရန် ခက်ခဲလျက်ရှိသည်ဟု မစ္စတာကား က ဆိုသည်။
DASSKAusFMBob4
ယခုအကူအညီများဖြင့် တနှစ်တာ ကျောင်းနေစဉ်အတွင်း အစားအစာပါ ကျွေးမွေးနိုင်မည်ဖြစ်ပြီး လေးနှစ်တာအတွက် ကူညီခြင်း ဖြစ်သည်။

အဆင့်မြင့်ပညာသင် ထောက်ပံ့ဆုများကိုလည်း ၂၀ မှ ၅၀ အထိ တိုးမြှင့်ကာ ၂၀၁၅ ခုနှစ်အထိ ပေးအပ်သွားမည်
ဖြစ်သည်။

မစ္စတာ ဘော့ကား သည် ခရီးစဉ်အတွင်း AusAID မှ ဆောင်ရွက်နေသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းတွင်းမှ စာသင်ကျောင်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင်
နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း သြစတြေးလျသည် မြန်မာနိုင်ငံအတွက် ၂ဝဝ၇ ခုနှစ်မှစ၍ ဆေးစိမ်ခြင်ထောင် တသန်း ကိုးသိန်းလှူဒါန်းခဲ့ပြီးနှင့် တီဘီဝေဒနာသည် ၁၂၇,ဝဝဝ ကို ကုသပေးခဲ့ကာ HIV/AIDS ဖြစ်ပွားမှုနှုန်း လျှော့ချရန် အတွက် ကွန်ဒုံး ၅၁ သန်းနှင့် ဆေးထိုးအပ် ၁ဝ သန်း ထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။