MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

ချည်မျှင်နဲ့ဆေးဆိုးစက်ရုံ အလုပ်သမား ၆၀၀ လစာတိုးပေးရေး ဆန္ဒပြ

2012-06-08
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက မနက်ဆိုင်း ညဆိုင်း အလုပ်သမားတွေပေါင်းပြီး နေစရာ အဆောင်မပေးတဲ့အတွက် အခက်အခဲဖြစ်တဲ့ အခြေအနေနဲ့ လုပ်ငန်းခွင် ကျန်းမာရေး ကာကွယ်တဲ့စနစ် မရှိတဲ့အချက် အပါအ၀င် အလုပ်ချိန် တစ်နေ့ ၈ နာရီ သတ်မှတ်ပေးဖို့၊ နိုင်ငံတော် ရုံးပိတ်ရက်တွေအတိုင်း
အလုပ်ပိတ်ပေးဖို့၊ မတရား ဒဏ်ကြေး ကောက်တာ ပယ်ဖျက်ပေးဖို့၊ စက်ရုံတာဝန်ရှိသူတွေရဲ့ အတင်းအကြပ် ခိုင်းစေတာကို ထိရောက်စွာ အရေးယူပေးဖို့၊ အခြေခံလစာ တိုးပေးဖို့ စတဲ့အချက် တွေကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
မွန်းလွဲပိုင်းမှာတော့ ပြည်ကြီးတံခွန်မြို့နယ်က အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး စတာတွေက စက်ရုံတွင်းဝင်ပြီး ကြားဝင် ညှိနှိုင်းပေးနေတဲ့ အခြေအနေကို ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားက အခုလို ပြောပါတယ်။
"ကျွန်တော်တို့ လစာကို ညှိနှိုင်းနေတာပဲရှိသေးပါတယ်။ လစာကိုတော့ မသိရသေးဘူးပေါ့နော်။ ကျွန်တော်တို့ အနည်းဆုံး မိန်းကလေးက ရှစ်သောင်း၊ ယောက်ျားလေးက ကိုးသောင်းပေါ့။ အဲဒါကို တောင်းဆိုနေပါတယ်။ တစ်ချက်ပဲ ကျန်တော့တယ်။ ကျန်တာအားလုံး လိုက်လျောပြီးပါပြီ။ အဲဒါကြောင့်မို့လို့ လစာကိုတော့ ဒီကနေ့ပေါ့နော်၊ ညှိနှိုင်းမယ်။ ဒီကနေ့ ညှိနှိုင်းလို့မပြီးရင် နက်ဖြန်တော့ ထပ်ညှိနှိုင်းမယ်"
ဒီကနေ့ ညနေပိုင်းအထိ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက် (၆) ချက်ထဲက အဓိကဖြစ်တဲ့ လုပ်ခလစာတိုးပေးဖို့ကိစ္စ ညှိနှိုင်းလို့ မပြီးသေးဘူးလို့ သိရပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က စက်ရုံကိုလာရောက်ပြီး ကြားဝင်ညှိနှိုင်း ပေးခဲ့ပေမယ့် စက်ရုံဘက်က စက်ရုံလုပ်ငန်းရှင်ကိုယ်တိုင်မလာဘဲ လုပ်ငန်းရှင်ကိုယ်စားလှယ်နဲ့ ညှိနှိုင်းနေရတဲ့အခြေအနေကိုလည်း ဆန္ဒပြအလုပ်သမားတွေက မကျေမနပ်ဖြစ်နေတယ်လို့လည်း စောစောက အလုပ်သမားက ပြောပါတယ်။
အခုဆန္ဒပြတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမားပေါင်း တစ်ထောင်နီးပါးလောက်ရှိပြီး တရုတ်လူမျိုး နိုင်ငံခြားသားပိုင်တဲ့ စက်ရုံလို့ သိရပါတယ်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။