MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ထက်ထက်(Bobby Soxer)ပြောပြတဲ့ ပရိသတ်အတွက် အမြည်း

‘ဒုံးပျံ’အခွေအမ်တီဗီအတွက် ရိုက်ကူးနေသလို ဒီလထဲမှာပဲ ပုသိမ်မှာ ရှိုးပွဲသွားဆိုဖို့ရှိနေတဲ့ ထက်ထက်(Bobby Soxer)က နောက်လထဲမှာလည်း ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ရှိုးတွေသီဆိုဖို့ ရှိနေပါတယ်။ ရှိုးပွဲတွေကတော့ မိုးဦးပေါက်ရောက်လာနေပြီ ဆိုပေမယ့်လည်း အခုထိတော့ သိပ်မပါးသေးကြောင်း ပြောပြပါတယ်။ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့အပြင် ‘ဒုံးပျံ’အခွေအမ်တီဗီ ထွက်လာဖို့အတွက် အာရုံစိုက်လုပ် နေရပေမယ့်လည်း စိတ်ဖိစီးတာမျိုး၊ စိတ်အနှောင့်အယှက် ဖြစ်တာမျိုးတော့ မရှိကြောင်း ပြောပြပါတယ်။ “စိတ်ဖိစီးတာမျိုးတော့ မရှိပါဘူး။
ကိုယ်တအားနှစ်သက်တဲ့ ပျော်တဲ့အလုပ်လေးကို လုပ်နေရတာဆိုတော့ ရှိုးဆိုရတာကို ပျော်တယ်။ ပြီးတော့   ပရိသတ်တွေနဲ့လည်း တရင်းတနှီးလည်းရှိတယ်။ အမ်တီဗီကတော့ နည်းနည်းပြင်ဆင်စရာ များတော့ မနက်ဖြန်ရိုက်တော့မယ်ဆိုရင် ဒီနေ့နည်းနည်းတော့ ပျာယာခတ်တာပေါ့။ တအားကြီးစိတ်ဖိစီးတာမျိုးတော့ မရှိပါဘူး။ ပျာယာခတ်တာလေးလောက်ပဲ ရှိပါတယ်”လို့ ပြောပြပါတယ်။ အခုလက်ရှိအချိန်လေးမှာ သီချင်း အသစ်တွေ လုပ်ထားတာရှိပေမယ့် လည်းရှိုးပွဲတွေမှာတော့ သီချင်းအသစ်တွေကို သီဆိုဖို့မရှိသေးကြောင်းပြောပြပါတယ်။
”ရှိုးပွဲတွေမှာတော့ လုပ်ထားတဲ့သီချင်း အသစ်တွေကို သီဆိုဖို့တော့ မရှိသေးပါဘူး။ ညီမရဲ့တစ်ကိုယ်တော်အခွေအတွက် ဟိုတစ်ပုဒ်၊ဒီတစ်ပုဒ် လုပ်ထားတာပါ။ သီချင်း အသစ်လုပ်ထားတာထဲကမှ ပရိသတ်ပါးစပ်ဖျားမှာ စွဲလွယ်လောက်မယ့်သီချင်းမျိုးကိုတော့ အမြည်းသဘောမျိုးနဲ့ နည်းနည်းချင်းဆိုပြဖို့တော့ ရှိတယ်”လို့ ဆက် လက်ပြောပြပါတယ်။ ရှိုးပွဲတွေပါးလာတော့မှာ ဖြစ်တဲ့ မိုးတွင်းကာလလေးထဲမှာတော့ ‘ဒုံးပျံ’ အမ်တီဗီအတွက် အားစိုက်ပြီး လုပ်သွားမှာဖြစ်တယ်လို့ ပြောပြပါတယ်။  ” ‘ဒုံးပျံ’အမ်တီဗီလေးကို အမြန်ဆုံး ထွက်စေချင်နေတယ်။ အဓိကက မိုးတွင်းဆိုတော့ အမ်တီဗီရိုက်ဖို့အတွက်ပိုပြီး အချိန်ရမယ်လို့တော့ ထင်တယ်။ အဲဒီတော့ အားစိုက်ပြီး တစ်ပုဒ်ပြီးတာနဲ့ တစ်ပုဒ်ဆက်တိုက်ရိုက်ဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။ အမ်တီဗီမှာအကုန်လုံး သရုပ်ဆောင်ဖြစ်မလားဆိုတာတော့ မပြောတတ်သေးပေမယ့်လည်း ဟိုတစ်ပုဒ်သည် တစ်ပုဒ်ဝင်လုပ်ရင်းနဲ့ အကုန်နီးပါးလောက် ဖြစ်သွားမှာကတော့ သေချာသလောက် ဖြစ်နေတယ်လို့ ပြောပြပါတယ်။
ထက်လူလူ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။