MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ဂီတကို ဝါသနာပါတဲ့ လူငယ်တွေ အတွက် Boxer စတူဒီယိုက အစအဆုံး ကူညီပေးနေပြီ ပြောတဲ့ ဗီနိုထွန်း

Boxer စတူဒီယိုထဲမှာပဲ အချိန်ကုန်နေတဲ့ Vနိုထွန်းက သူ့ရဲ့ တစ်ကိုယ်တော် အခွေကို တော့ ဆင်ဆာ တင်ထားပြီး ဖြစ်ပါတယ်။ ကြားထဲမှာတော့ သူ့ရဲ့ ဆယ်နှစ်တာ အနုပညာ လမ်းကြောင်းမှာ ရေးသားခဲ့တဲ့ တေးသီချင်း တွေကို စုပေါင်းပြီး ဒီဗီဒီနှစ်ချပ်တွဲ အနေနဲ့ မေလ ၂၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ အခွေ နာမည်ကိုတော့ ‘ပန်းရောင်ခင်းတဲ့လမ်း’ လို့ အမည်ပေးထားပြီး အဆိုတော် အသစ်တွေ နဲ့ တစ်ခွေ၊ နာမည်ကြီး အဆိုတော်တွေနဲ့ တစ်ခွေ ထွက်ရှိမှာ ဖြစ်ပါတယ်။
”ကျွန်တော့် သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေပါပဲ။ Big Bag ၊ ဆင်ပေါက်၊ ဂျီလတ်၊
Lလွန်းဝါ၊ မိုးမိုး၊ ကော်နီ၊ ချမ်းချမ်း နောက် အများကြီးပါတယ်။ အဆိုတော် အသစ်တွေ ကလည်း အသစ် ဆိုပေမယ့် မယ်လိုဒီဝေါလ် တို့၊ ဆိုလိုက်ကြစို့တို့မှာ ဆုရထားတဲ့ တကယ် ဆိုနိုင်တဲ့ လူတွေနဲ့တစ်ခွေပေါ့။ အားလုံးပေါင်း ၂ခွေ MTV ထွက်မှာပါ။ ကျွန်တော့် ထုတ်လုပ် ရေး Boxer Music Production ကပဲ ထုတ်မှာပါ။ အရင် ကျွန်တော်ရေးခဲ့တဲ့ သီချင်းဟောင်းလေးတွေရော၊ အသစ်တွေ ရော၊ အင်းယားသို့၊ အမှတ်တရ ညနေ တို့ပါ ပါမယ်”လို့  Vနိုထွန်းကပြောပါတယ်။
ကျားပေါက်ရဲ့နောက်ထွက်မယ့် Blood Sugar Politik အခွေကိုလည်း Vနိုထွန်းရဲ့ထုတ်လုပ်ရေးကပဲ ထုတ် လုပ်မှာဖြစ်ပြီး Vနိုထွန်းရဲ့ တစ်ကိုယ် တော်စီးရီးကတော့ ကြာဦးမယ် လို့ လည်းသိရပါတယ်။
”အစက သင်္ကြန်အပြီးထွက်ဖို့ပဲ။ အခုတော့ မထွက်နိုင်တော့ဘူး။ ပြီးတော့ ရှေ့လကျရင်လည်း ဒုတိယရင်သွေးက မွေးတော့မှာ ဆိုတော့ နည်းနည်းလေးတော့ အလုပ်ရှုပ် သွားတယ်။ အစက ကျွန်တော့် ဒုတိယ သမီးလေး မွေးတဲ့ရက်နဲ့ တိုက်ပြီးတော့ အခွေထွက်ချင်တာ။ ဒါပေမဲ့ မထွက် ဖြစ်နိုင်လောက်ဘူး ထင်တယ်” လို့ပြော လာတဲ့ Vနိုထွန်းရဲ့ ပထမရင်သွေးဖြစ်တဲ့ သားလေး လရိပ်မင်းကတော့ သူငယ်တန်း တက်နေပြီဖြစ်ပြီး ဒုတိယ ရင်သွေး သမီးလေးကို တော့သားလေးကပဲ ‘လရောင်’ ဆိုပြီး နာမည် ပေးခိုင်းတယ်လို့လည်း Vနိုထွန်း ကပြောပါတယ်။ လက်ရှိအချိန်မှာ စတူဒီယို၊ ထုတ်လုပ်ဖြန့်ချိရေး ကိစ္စတွေနဲ့ အလုပ်ရှုပ် နေတဲ့ Vနိုထွန်းက ဂီတကို တကယ် ဝါသနာ ပါတဲ့ လူငယ်တွေ အတွက် သူ့ရဲ့ Boxer စတူဒီယိုက အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင်အစ အဆုံး ကူညီ ဆောင်ရွက်ပေး နေပါတယ် ဆိုတာကိုလည်း ပြောပြ ခဲ့ပါသေး တယ်။
ရဲရဲ
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။