MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

ဇွန်လ နောက်ဆုံးပတ်တွင် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်

၂၀၁၂ခုနှစ် ဇွန်လ နောက်ဆုံး ပတ်အတွင်း ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ  Debit ကတ်ဝန်ဆောင်မှု စတင်ပေးမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရပါသည်။
''ဇွန်လ လကုန်ပိုင်းမှာ စပြီး ထုတ်ပေးမှာပါ။ စမ်းသပ်ကာဖြစ်တဲ့အတွက် လူအားလုံးကိုတော့ ထုတ်ပေးဦးမှာ မဟုတ်ဘူး။ စမ်းသပ်ကာလက တစ်လကြာမှာပါ ''ဟု ကမ္ဘောဇဘဏ်လီမိတက် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောကြားပါသည်။အဆိုပါ  Debit Card  မှာ MPU Card(Myanmar Payment  Union Card)ဖြစ်ပြီး နောက်ပိုင်းတွင် Credit ကတ်နှင့်  Smart ကတ် အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များက ထုတ်ပေးပြီးဖြစ်သည့်  အေတီအမ်ကတ်များကိုလည်း အဆိုပါ MPU  ကတ်နှင့် ပြန်လည်လဲ
လှယ်သွားရမည်ဖြစ်ပြီး အေတီအမ်ကတ်နှင့်  Debit  ကတ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းတစ်ခုလုံး ပါဝင်သည့် ငွေပေးချေမှုဆိုင်ရာ အဆင့်မြှင့်တင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပြီး မြန်မာငွေပေးချေမှုအဖွဲ့(Myanmar  Payment Union)ကိုတည်ထောင်ကာ နိုင်ငံတကာတွင် အသုံးပြုနေသော ငွေပေးချေမှု နည်းပညာများနှင့် စနစ်များဖြစ်အောင် ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ National Switch နှင့် Data Center ပြီးပါက ဘဏ်များ၏ Own Swith  နှင့်ချိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရပါသည်။ VISA ကတ်နှင့် CUP ကတ် (China Union Pay)ကဲ့သို့ နိုင်ငံတကာကတ်များ ၀င်ရောက်လာပါက MPU Network အတွင်း ၀င်ရောက် ချိတ်ဆက်သွားရမည် ဖြစ်ပါသည်။

လာမည့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားပါက နိုင်ငံတကာသို့ ငွေကြေးကိုင်ဆောင်ခြင်းပြုရန်မလိုဘဲ ငွေပေးချေနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာကတ်များ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများက ဆိုပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။