MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

Dj ပွတ်ရင်းဖြင့် မိမိကိုယ်ပိုင် Online Radio လုပ်ချင်သူများအတွက် (အပိုင်း-၂)

မင်္ဂလာပါမိတ်ဆွေများ..

ယခင်အပတ်က Free Online Radio လုပ်နည်းလေးကိုတင်ပြပေးပြီးပါပြီ။ နည်းပညာပိုင်းဆိုင်ရာအခက်ခဲရှိနေသူများအတွက် ဒီတပတ်မှာ ဆက်လက်ဖော်ပြပေးမှာကတော့
DJ ဆော့ဝဲလ်တခုရှိရုံဖြင့် မိမိ ကိုယ်ပိုင် Free Online Radio  Station သို့မဟုတ် မိမိဘလော့များတွင်
တွင်ရေဒီယိုထားရှိထုတ်လွှင့်နိုင်စေရန် ရည်ရွက်လျှက် မျှဝေတင်ပြပေးလိုက်ပါတယ်
အရိုးရှင်းဆုံး ဖြင့်နားလည်စေရန် Video နှင့်တစ်ကွ တစ်ဆင့်ခြင်းရှင်းပြပေးထားပါသည်။အောက်တွင်ဖော်ပြပေးသွားပါမည်။ မည်ကဲ့သို့ သုံးရလဲဆိုတာပါ အရှင်းဆုံး တင်ပြပေးသွားမည်။

ပထမဦးစွာ ..
 http://freeshoutcast.com
  သို့မဟုတ်
 http://listen2myradio.com/index.php

အထက်ပါ ဆိုက်ဒ် ၂ ခုမှ တစ်ခုတွင် Free အကောင့်ဖွင့်ပါ။ ထို့ နောက် Control Panel ထဲမှ Server Addrss နှင့် Port ကိုရှာပါ။ Server Address ဆိုသည်မှာ ဥပမာ... freeshoutcast.com ဒါမှ listen2myradio.com  ကိုထည့်ရမှာဖြစ်ပါတယ်။  အောက်တွင်ပါရှိသည့် Video ကိုကြည့်ပြီးတဆင့်ချင်းလိုက်လုပ်ကြည့်ပါ။ဒီဂျေဆော့ဝဲလ်ကိုလည်းဝယ်စရာမလိုပဲ Google မှာ အခမဲ့ ရရှိနိုင်ပါတယ်။ သုံးရမယ့် ဆော့ဝဲလ်ကတော့ Virtual Dj Software ဖြစ်ပါတယ်။

   Software Download Here
Video here
ဒီ ဗီဒီယိုလေးကတော့ listen2myradio အကောင့်နဲ့ဘယ်လို ချိတ်ပြီး ရေဒီယိုကိုလေလှိုင်းပေါ်လွှင့်ရတယ်ဆိုတာရှာင်းပြထားတာပါ။
Freeshoutcast နဲ့ ဆိုရင်လည်းတူတူပါပဲ အသုံးပြုပုံတွေက။
ပထမဆုံး www.freeshoutcast ကိုသွားပါ။ထို့နောက် Home ဘေးနားက Control Panel ခေါင်းစဉ်ကိုနှိပ်လိုက်ရင် Free Plan ဆိုတာတွေ့ ရင် အဲဒါကိုနှိပ်ပါ။ ထို့နောက် Log in စာမျက်နှာပေါ်လာရင် မိမိအကောင့် လုပ်ထားတဲ့  User Name and Password နှိပ်ပါ။ထို့နောက် အောက်ပါပုံအတိုင်းတွေ့ ရမည်။

CONTROL PANEL PHOTO


ထိုပုံအတိုင်း control panel ထဲရောက်သွားလျှင် အောက်ဆုံးမှာ  Control:အစိမ်းရောင်လေးပုံနဲ့  On/OFF ဆိုတာပါတယ်။ အဲဒီဘေးမှာ Status OFF ဖြစ်နေရင် အဲဒီအစိမ်းရောင်အ၀ိုင်းပုံလေးကို ကလစ်နှိပ်လိုက်ပါ။ On ဖြစ်သွားပါလိမ့်မယ်။အဲဒီနောက် အပေါ် ဘက်မှာပြန်ကြည့်လိုက်ပါ။ Stream Ripper ဆိုတာကိုနှိပ်ပြီးပြန်ကြည့်ပါ။
အထက်ပါပုံအတိုင်း  On ဆိုတာကိုတွေ့ ရပါလိမ့်မယ်။
၎င်းနောက် အထပ်တွင်း ဒေါင်းခိုင်းထားသော Software ( Virtual DJ )  ကိုဖွင့်ပါ။

ထို့နောက်အအောက်ပါပုံထဲမှ အတိုင်းတဆင့်ချင်းလိုက်လုပ်ကြည့်ပါအဆင်ပြေပါလိမ့်မယ်
 ပုံ -၁
နံပတ် ၅ နှင့် နံပါတ် ၆ သည် မိမိလွှင့်လိုသောသီချင်း၂ ပုဒ်ကို Mouse နဲ့  Mp3 သီချင်းကို ဆော့ဝဲလ်ထဲသို့ ဖိဆွဲပြီးထည့်ရမှာဖြစ်ပါတယ်။
နံပါတ် ၇ နှင့် နံပါတ် ၈ သည် သီချင်းလွှင့်ရန်အစဉ်လိုက်ဖြစ်ပါသည်။ နံပါတ် ၇ သီချင်းဆုံးလျှင် နံပါတ် ၈ ကိုနှိပ်ပြီး(  Play )လုပ်ရမည်။
နံပါတ - ၀ ( Zero) သည် CDပြားပေါ်တွင် Mouse ဖိပြီး ဒီဂျေ ပွတ်နိုင်သည်။ထို့အပြင် အခြားသောအရာများကို မိမိသုံးရင်းဖြင့်လေ့လာသွားပါ။ကျွမ်းကျင်သွားပါမည်။
ပုံ-၂ တွင် အဆင့်နံပါတ် ၄ အားဖော်ပြထားပေးသည်။
Bitrate နေရာတွင် 32 kbs ကို မြန်မာပြည်နှင့်ကွန်နရှင်မကောင်းသောနေရာများတွင်နေအသုံးပြုသူများသာ။ပုံ-၂ တွင်ပြထည့်သည့် အစိမ်းရောင်အ၀ိုင်းအကြီးထဲတွင် Password ဆိုသည် Control Panel ထဲတွင်တွေ့ ရှိရမည့်  Password ကိုထည့်ပေးရမည်။အထက်တွင်ပြထားသော Control Panel Photo တွင် နမူနာပြန်ကြည့်ပါ မရှင်းလင်းပါက။အားလုံးပုံထဲတွင်ပြထားသည့်အတိုင်း အစိမ်းရောင်ဝိုင်းထားသောနေရာများတွင် မိမိအကောင့် မှ Password and Port and Server and Name  and bitrate အားလုံးပြောင်းလဲသုံးရန်ဖြစ်သည်။
MTS Online Radio Station နေရာတွင် မိမိပေးလိုသော ရေဒီယို နာမည်ပေးလို့ပါသည်။
( မှတ်ချက် -ကျွန်ုပ်သည် နမူနာပြသရန်အတွက် အကောင့်ဖွင့်ပြီး မိတ်ဆွေများနားလည်
စေရန်ဖော်ပြပေးထားပါသည်။MTS Online Radio သည် Free Streaming Radio မဟုတ်ပါသဖြင့် ကျွနုပ်တကယ့်လက်တွေ့ ထုတ်လွှင့်နေခြင်းနှင့် လုံးဝ မတူပါ။)
MTS Online Radio
(http://www.myittarshin.com/) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)
 
မိတ်ဆွေများအထင်မမှားစေရန် ထည့်သွင်းဖော်ပြပြောကြားလိုက်ရပါသည်။






ထို့ နောက် မိမိလွှင့်သမျှ သီချင်းကို လေလှိုင်းပေါ်တွင် လာသလား မလာဘူးလား ဆိုတာကို
Web Browser တွင်နားဆင်ကြည့်နိုင်ပါသည်။ (ဥပမာ နားဆင်ရန် လင့်မျိုးဆိုသည်မှာ..
http://www.myittarshin.freeshoutcast.com/ ) အနီရောင် နေရာတွင် မိမိ ကိုယ်ပိုင်ရေဒီယိုနာမည်အသုံးပြုရမည်။ဥပမာပြပေးထားခြင်းဖြစ်သည်။


ယခုအချိန်တိုင် ဘလော့များကိုလူတိုင်းနီးပါး ၀က်ဆိုက်ဒ်များမရေမတွက်နိုင်အောင် ရှိနေကြပြီဖြစ်သဖြင့်
အချို့ သော သူများသည် မိမိလုပ်ချင်သည့် ဆန္ဒရှိသော်လည်း နည်းပညာပြသပေးသူမရှိသဖြင့် သူတပါးအားအရမ်းအထင်ကြီးနေရပြီး မျက်နှာငယ်နေရတာမျိုးဖြစ်နေကြပါသည်။ထို့ကြောင့် သူများရေဒီယိုဆိုတိုင်း မိမိလည်း လိုက်ပြီးကိုယ်ပိုင်ရေဒီယိုထုတ်လွှင့်နိုင်စေရန် အသင့်တော်ဆုံး အခမဲ့ ရေဒီယိုစတေရှင်ထောင်နည်းများတင်ပြပေးပါသည်။နောက်များတွင်လည်း တဖြေးဖြေးအဆင့်မြင့်သော သီချင်း ထောင်ပေါင်းများစွာကို မရပ်မနားလွှင့်နိုင်မည့်ရေဒီယိုလုပ်နည်းများကိုလည်းတင်ပြပေးသွားမယ်။


အထူးမှတ်ချက်။ အွန်လိုင်းတွင်အချို့ သော  ဒေါ်လာ ရာကျော်ပေးရသည့်ဆော့ဝဲလ်များကို ကော်ပီများသုံးလျှင်အရမ်းအန္တရယ်ရှိ့ပါကြောင်းနှင့် အချို့ သောဆိုက်ဒ်မှ ဒီဂျေများမှာ ကိုယ်ပိုင်တရားဝင်ဆော့ဝဲလ်ဝယ်မသုံးရသေးခင် Internet Security  တရားမ၀င် ဆော့ဝဲလ်သုံးစွဲမှုဖြင့် ကိုယ်ပိုင်ဆော့ဝဲလ်ဆိုက်ဒ်များမှ တရားဆွဲဆိုသည်လည်းရှိကြပါသည်။
မဖြစ်သေးရင်တော့ မဖြစ်သေးဘူးလို့မှတ်လို့ရပေမယ့် ဖြစ်လာရင်တော့ ဖြေရှင်းရတော်တော်ခက်ပါမည်ဆိုသည့်အကြောင်း။မယုံဘူးဆိုတာ မကြုံဖူးသေးလို့ပါဆိုတဲ့စကားလေး ကိုပါ ထည့်သွင်းသတင်းပေးအပ်ပါသည်။


အားလုံးသော မိတ်ဆွေများ အဆင်ပြေကြပါစေ။

ကျနော် DJ-Fighter Lay မှ MTS Online မှ တရားချစ်ဓမ္မမိတ်ဆွေများနှင့်တေးချစ်ပရိတ်သတ်များအားအစဉ်လေးစားလျှက် ......

(http://www.myittarshin.com/)
(ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။