MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

လူငယ်တွေအတွက် အစွမ်း ပြစရာကွင်းတစ်ကွင်းအဖြစ် Home (House of Media and En-tertainment)ရဲ့ ရုံးခန်း ဖွင့်လှစ်

မီဒီယာကဏ္ဍနဲ့ဖျော်ဖြေရေးကဏ္ဍတွေ ကို အဓိကထားပြီး လုပ်ဆောင်တော့မယ့်Home (House of Media and En-tertainment)ရဲ့ ရုံးခန်းဖွင့်လှစ်ပွဲကို မေ ၂၈ ရက်၊ နေ့ခင်း ၂နာရီက အမှတ်(၅၈/၆ဝ) မြေညီထပ်ဗိုလ်အောင်ကျော်လမ်း(အောက် ဘလောက်)ဗိုလ်တထောင်မြို့နယ်မှာ ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။ မီဒီယာနဲ့ ဖျော်ြေ ဖရေးကဏ္ဍတွေကိုအဓိက ထားဆောင်ရွက်သွားမှာဖြစ်တဲ့ Home  ရုံးခန်းဖွင့်ပွဲမှာ ဦးသူရ(ဇာဂနာ)ပြောကြားခဲ့ တာကတော့ “အဓိကကျွန်တော်တို့ဘာလို့ ဒီ ရုံးခန်းကို ဖွင့်လှစ်ရတာလဲဆိုရင် တကယ် တော့ ဒီ(Home)ရုံးခန်းနဲ့ ဗိုလ်ချုပ်အောင်
ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းနဲ့ဟာ ညီ အစ်ကို ရုံးခန်းလို့ ပြောလို့ရသလို မောင်နှမ ရုံး ခန်းလို့လည်း ပြောလို့ရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံထဲမှာ သန္ဓေတည်ခဲ့ကြတယ်လို့ ပြောသလိုပဲ ဇန် နဝါရီ လ၄ရက်နေ့က ဆုပေးခဲ့တဲ့ The Art of Freedom Film Festival ရုပ်ရှင် ပြိုင်ပွဲကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာပဲ  သန္ဓေတည်ခဲ့တာပါ။  အဲဒီ ရုပ်ရှင်ပွဲတော်က လက်စွမ်းပြခဲ့တဲ့ လူငယ် ဒါရိုက်တာတွေကို ဘယ်နေရာမှာဘာဆက် လုပ်ပေးရမယ်မှန်းမသိတော့ဘူးဖြစ်နေတဲ့ အချိန်မှာစဉ်းစားလိုက်တော့ ရုပ်ရှင်သင် တန်း တွေ ပေးပါတယ်။ အမေရိကန်ရုပ်ရှင်ဒါရိုက် တာ ၃ဦးကို မြန်မာပြည်ကို ဖိတ်ပြီးတော့ လူငယ်တွေအတွက် ရုပ်ရှင်သင်တန်းပေး ပါတယ်။ အဲဒါပြီးတော့ ဂျာမနီက ရုပ်ရှင် ဒါရိုက်တာတွေကို ဆက်ခေါ်ပြီး သင်တန်းပေး ပါတယ်။ အဲဒီသင်တန်းတွေပြီးသွားတဲ့ လူငယ်တွေ ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန် မှာကို စိုးရိမ်တယ်။ အဲဒီအ တွက် လူငယ်တွေ အတွက် အစွမ်းပြစရာကွင်းတစ်ကွင်းတော့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီ ကြောင့် အခု Media and Entertain- ment  ရုံးခန်းကိုဖွင့်လှစ် ရတာပါ။ ဒီနေ ရာမှာ လူငယ်တွေဟာ သူတို့ရဲ့မီဒီယာ လုပ် ငန်း၊ Documentary Film, Short Filmတွေ ကိုလုပ်မယ်။ ဒုတိယအဆင့်ကတော့ တစ်လကိုတစ်ကြိမ် Motionမဂ္ဂဇင်း အခွေဆို တာကိုထုတ်မယ်”လို့ ပြောပြခဲ့ပါတယ်။ တစ် လတစ်ကြိမ်ထုတ်မယ့်Motionမဂ္ဂဇင်း အခွေဆိုတာကတော့ အခုလက်ရှိထွက်နေတဲ့ မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို လှန်ဖတ်ကြည့် လိုက်ရသလို ပုံစံမျိုးနဲ့ အခွေထွက်ရှိလာ မှာဖြစ်ပါတယ်။ အခွေရဲ့အစမှာMenu က (မဂ္ဂဇင်းမှာဆိုရင် မာတိကာ) မှာပါတဲ့ ကဗျာ နေ ရာမှာတော့ ရုပ်ရှင်နည်းပညာနဲ့ပုံ ဖော် ထားတဲ့ ကဗျာပုံစံပါရှိမှာ ဖြစ်ကြောင်း၊ ဆောင်းပါးတွေနေရာမှာတော့Documen-tary Film ပုံစံဖြစ်မှာဖြစ်ကြောင်း၊ ဝတ္ထုတို   နေရာမှာတော့ရုပ်ရှင်ဇာတ်လမ်းတို(Short Film)ဖြစ်မှာဖြစ်သလို အင်တာဗျူးလည်း ပါမှာဖြစ်ကြောင်း၊ ကာတွန်းတွေရဲ့နေရာမှာ တော့Animation  (အန်နီမေးရှင်း )တွေပါ မှာ ဖြစ်ကြောင်း၊ လူငယ်တွေကို ဦးစားပေး ထားတဲ့အတွက် Motion  မဂ္ဂဇင်းအခွေတစ် ခွေထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့အထက် ဖော်ပြပါကဏ္ဍတွေကို ပါဝင်ေ အာင်’The Art of Freedom Film Festival’က မွေးထုတ်ထားတဲ့လူငယ်ဒါရိုက်တာတွေနဲ့ Homeမှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေ ရဲ့လက်ထဲကို   ရောက်အောင် တစ်လတစ်ကြိမ် ပို့ဆောင်သွားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
 P-061

PopularMyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။