MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 14, 2012

မြန်မာ့ လူ့အဖွဲ့အစည်း တိုးတက်ရေးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံမှာ ပန်ကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ခင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ညီလာခံကို တက်ရောက်ပြီး မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ အခြေခံတဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ILO အဖွဲ့ကြီးကို
ပန်ကြားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မြန်မာပြည်သူတွေကရော နိုင်ငံတကာအသိုင်းအ၀ိုင်း ကပါ ထောက်ခံ အားပေးတဲ့အကြောင်း၊ ဒီအပြောင်းအလဲနဲ့အတူ နိုင်ငံတကာနည်းတူ မြန်မာ့ လူ့အဖွဲ့အစည်း တိုးတက်ဖို့ ကူညီပေးဖို့ လိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါတယ်။
ညီလာခံမိန့်ခွန်းထဲမှာ မြန်မာအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပေဒေတွေ ပြဋ္ဌာန်းပြီး အကာကွယ်ပေးဖို့ လိုအပ်ကြောင်း၊ လောလော ဆယ်ရှိနေတဲ့ ဥပဒေတွေဟာလည်း ခေတ်နဲ့မလျော်ညီတော့သလို မျှတမှုလည်းမရှိပါဘူး။ တချို့ဥပဒေတွေဟာလည်း မြန်မာလို ဘာသာပြန် ရေးသား ထားတာလည်း မရှိပါဘူး။ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ ဘယ်လောက်ရှိရမယ် ဆိုတာမျိုးတွေလည်း ဥပဒေအရ ပြဋ္ဌာန်းထားတာ မရှိပါဘူး လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အိုင်အယ်အို ညီလာခံမှာ မိန့်ခွန်းပြောအပြီးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဂျနီဗာမှာရောက်ရှိနေတဲ့ အာအက်ဖ်အေ သတင်းထောက် ဦးခင်မောင်စိုးက လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန် လည်ဖြေကြားခဲ့ပါတယ်။
"ပိုမိုပြီးတော့ပေါ့နော်၊ ကျွန်မတို့ရဲ့ အလုပ်သမားတွေအတွက် ILO က ဝင်ပြီးတော့ လုပ်ပေးဖို့လိုပါတယ်။ အလုပ်သမားတွေဆိုတာ ကျွန်မတို့ ပြည်တွင်းက အလုပ်သမားတွေတင် မဟုတ်ပါဘူး။ ပြည်ပကိုရောက်သွားတဲ့ အလုပ်သမားတွေကိုလည်း ILO အနေနဲ့ ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ပေးစေချင်ပါ တယ်။ နောက်ဆုံးကျတော့ အလုပ်သမားတွေရော၊ အလုပ်ရှင်တွေရော၊ အစိုးရရော အားလုံးပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်မတို့နိုင်ငံမှာ လိုအပ်တဲ့ စီးပွားရေးတိုးတက်မှုတွေ ရနိုင်မှာပါ"
ဒါ့အပြင် ညီလာခံမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင်မရှိတဲ့အတွက် အနာဂတ်အတွက် မျော်လင့်ချက်တွေလည်း ပျောက်ဆုံးရကြောင်း၊ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ စတဲ့ အဖြစ်မျိုးတွေနဲ့လည်း ကြုံရကြောင်း၊ ဒါကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်တွေ၊ အသက်မွေးဝမ်းကြောင်း သင်တန်းတွေ စတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ညီလာခံမှာ သတင်းယူနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးခင်မောင်ငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။