MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012


e5105


ဝါရင့်ဒီဇိုင်နာ အများအပြား ပါဝင်ပြသခဲ့သည့် Memories of Love Bridal Fair 2012 ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀နာရီတွင် Traders ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံ ဒီဇိုင်းများကို ပြသခဲ့ကာ ညနေပိုင်းတွင် အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်းများကို ပြသပေးခဲ့သည်။ပထမဦးစွာ မိတ်ကပ်နှင့် ဒီဇိုင်နာ ခင်စန်းဝင်း၏ ရွှေရောင်မင်္ဂလာ
ဝတ်စုံဒီဇိုင်းများကို ရဲသီဟကို၊ သီရိရှင်းသန့်၊ ခင်ရူပ၊ ရွှေထိုက်တန်၊ ပိုးအိဖြူဇင်၊ နှင်းထက်ထက်ဝေ၊ မေနှင့် မော်ဒယ်လ်များက ၀တ်ဆင်ပြသပေးခဲ့ကြသည်။ ဆက်လက်၍ မိတ်ကပ် နှင့်ဒီဇိုင်နာ လင်းလင်း(အောင်အောင်-တောင်ကြီး)၏ မင်္ဂလာဝတ်စုံများကို သရုပ်ဆောင်မော်ဒယ်လ် နဒီဝင့်နိုင်၊ မေဖြူဖြူ၊ ထိုက်ဆုဝင်းနှင့် မော်ဒယ်လ် များက အရောင်အသွေးစုံလင်သည့် မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပါဝင်ပြသပေးခဲ့ကြသည်။ ထို့နောက် မန္တလေး မှ ဒီဇိုင်နာမျိုးမင်းစိုး၏ နန်းမူနန်း ဟန်နွယ်သည့် မင်္ဂလာဝတ်စုံဒီဇိုင်းများ ကို သရုပ်ဆောင်မော်ဒယ်လ် ရဝေအောင်၊ ပုလဲဝင်း၊ မျိုးသန္တာထွန်း၊ စူးရှ၊ နှင်းထက်ထက်ဝေ၊ ရတနာခင်စသူတို့ က ပါဝင်ပြသပေးခဲ့ကြသည်။
အလှည့်ကျ ဒီဇိုင်နာဥာဏ်ဥာဏ် (လှည်းတန်း) ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများကို Talents& Models အေဂျင်စီမှမော်ဒယ်လ်များက ၀တ်ဆင်ပြသပေးခဲ့ကြသည်။ နံနက်ပိုင်းမင်္ဂလာ ၀တ်စုံပြသမှု၏ နောက်ဆုံးအစီအစဉ် အဖြစ် ၀ါရင့်ဒီဇိုင်နာမမဉ္ဇူ၏ ဆန်းသစ်လှပသည့် ရွှေရောင်မင်္ဂလာဝတ်စုံ ငါးစုံကို သရုပ်ဆောင်သဇင်၊ အေးချမ်းမိုး၊ ပိုးအိဖြူဇင်၊ ဆန်းသစ်လ နှင့် ဖြူနွယ်ခိုင်တို့က ၀တ်ဆင်ပြသ ပေးခဲ့ကြသည်။
ညနေပိုင်းအနောက်တိုင်း မင်္ဂလာဝတ်စုံပြသမှု အစီအစဉ်တွင် Forever Wedding Studio ၊ Aroma Fashion Botique စသည့် မင်္ဂလာ ၀တ်စုံဆိုင်များ၏ ဆန်းသစ်လှပသည့် အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်း များကို မော်ဒယ်လ်နှင့် သရုပ်ဆောင်များက ပါဝင်ပြသပေးခဲ့ကြသည်။
e5105a e5105b

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။