MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 14, 2012

ပိုမိုအားသာချက်ရှိလာသည့် MPU Chip ကဒ်အား စမ်းသပ်သုံးစွဲကြမည်



MPU စနစ် Chip ကဒ်များအား ဇူလိုင်လအတွင်း စတင်စမ်းသပ်သုံးစွဲမည်ဖြစ်ကြောင်း မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union)က သိရှိရသည်။

  MPU Chip ကဒ်များသည် ATM စနစ်နည်းတူ ငွေထုတ်ယူသည့်စနစ်တစ်ခုဖြစ်ပြီး ၎င်းATM ကပ်များထက် လုံခြုံရေးအပိုင်းတွင် ပိုမို စိတ်ချ ရကြောင်း သိရှိရသည်။ Chip ကဒ်များ၏ အားသာချက်မှာ ကော်ပီကူးယူ၍ မရနိုင်ခြင်းနှင့် ကဒ်ထဲရှိ Data များကို အလွယ်တ ကူဖောက်ယူ၍ မရနိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းရှိ ATM စက်များတွင် ATM ကဒ်စနစ်ဖြစ်သည့် Mag Stripe ကဒ်တွေကိုသာ သုံးစွဲလျက် ရှိသည်။“သတ်မှတ်ထားတဲ့ လူဦးရေကိုသာ ဇူလိုင်လအတွင်းမှာ စမ်းသပ်သုံးစွဲခွင့် ပေးသွားမှာပါ။ စမ်းသပ်တဲ့ကာလ မှာအောင်မြင်မှ တခြားသူတွေကိုဆက်လက်အသုံးပြု ခွင့်ပေးသွားမှာပါ။” ဟု မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Chip များအား Online နှင့် Offline အခြေမနေနှစ်မျိုးစလုံးတွင် သုံးနိုင်မည်ဖြစ်သည်။နောက်ထပ်အားသာချက်တစ်ခုမှာ Chip ကဒ်များ  သည် MPU စနစ်တပ်ဆင် ထားသည့်အတွက် မည်သည့် ATM စက်တွင်မဆို ငွေကြေး ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ATM သုံးစွဲတဲ့သူတွေကတော့ ဘဏ်တွေတိုင်းမှာ ထုတ်ယူလို့မရဘူး။ အဲဒီကဒ်လုပ်တဲ့ ဘဏ်က ATM စက်တွေမှာပဲ ထုတ်နေရတော့ သိပ်အဆင်မပြေကြဘူး။ အခု ထုတ်တဲ့ Chip  ကဒ်က ATM  စက်တိုင်းမှာ ထုတ်ယူလို့ ရမယ်ဆိုတော့ ငွေထုတ်ယူရာမှာ ပိုအဆင်ပြေ သွားမှာပါ။” ဟု ATM ကဒ်သုံးစွဲသူ ကိုကျော်ဇင်က ပြောသည်။

Chip ကဒ်စနစ် စမ်းသပ် သုံးစွဲစဉ်ကာလအတွင်း MPU စနစ်သုံးစွဲနေသည့် ဘဏ်များမှ ၀န်ထမ်းတချို့နှင့် လူအနည်းငယ်ကိုသာ သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်သည်ဟု သိရသည်။ အဆင်ပြေပါက အခြားသူများကိုပါ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ငွေပေးချေမှုအဖွဲ့မှ စုံစမ်းသိရသည်။


မြစ်မခ
 

No comments:

Post a Comment