MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 13, 2012

ဝဲလောင်NLD ရုံးဖွင့်ပွဲကို ကြံ့ဖွံ့မှ သပိတ်မှောက်




By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပသည့် အိမ်ရှေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လာရောက်သပိတ်မှောက်ဆန္ဒပြခဲ့သည်ဟု သိရပါသည်။
ရုံးဖွင့်ပွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ကျင်းပခဲ့ပြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် အနီးအနား ကျေးရွာတို့မှ အမျိုးသားဒီမိုကရေစီ ပါတီဝင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ
အယောက် ၇၀၀ ကျော် တက်ရောက်ကြပါသည်။
အဆိုပါရုံးဖွင့်ပွဲကို မကျင်းပရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အမျိုးသားဒီမိုကရေစီ ဆိုင်းဘုတ်တင်မည့် အိမ်ရှင်တို့အား ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်နေ့ကတည်းက သွားရောက် ပြောဆို စည်းရုံးခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝဲလောင်ရွာဇာတိ ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား “ဝဲလောင်ရွာသည် အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည်ဆိုးသဖြင့် ရုံး မဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်” စသဖြင့် ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ သွားရောက်လျှောက်ထားခဲ့ပါသည်။
ထိုသို့ ပြောဆိုမရသဖြင့် ဦးဝင်းမြင့်မှပဲ ဦးဆောင်ပြီး အနီးအနားကျေးရွာများမှ ကျေးရွာလူထုတချို့ကို နေ့စား ငွေ ၃၀၀၀ ကျပ်နှင့် ထမင်းတစ်ထုပ်စီ ပေးပြီး တချို့ကိုလည်း ဝဲလောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲတက်ရောက်ရန် တဖက်လှည့်ဖြင့် ပြောဆိုစည်းရုံးပြီး ကြံ့ခိုင်ရေးပါတီဝင်များအပါအဝင် စုစုပေါင်းအယောက်၅၀ ကျော်ခန့်ဖြင့် ဝဲလောင် အမျိုးသား ဒီမိုကရေစီရုံးခန်းဖွင့်လှစ်မည့် အိမ်ရှေ့တွင် “ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို စိတ်ဝမ်း မကွဲပြားပါစေနှင့်” “ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်” ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးပါနှင့်”၊ “ဒေသဖျက်ဆီးသူများကို တို့မလိုလား”၊ “တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်” စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခိုင်းပြီး သပိတ်မှောက်ဆန္ဒပြခိုင်းခဲ့ပါသည်။
ရုံးဖွင့်ပွဲကျင်းပနေစဉ် “ဒေသဖျက်ဆီးသူများကို အလိုမရှိ”၊ “တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်” စသည့်ကြွေးကြော်သံများကို အော်ဟစ်နေပြီး တချို့မှာ အရက်အလွန်အကျွံမူးနေပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တာမျိုး၊ ရုံးခန်းဖွင့်လှစ်ပွဲအပြီး အပြန်တွင်လဲ “အလိုမရှိ အလိုမရှိ”လို့ နောက်မှ လိုက်လံ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လာရောက်တားဆီးခဲ့ခြင်းမျိုးကိုလဲ မတွေ့ရဘူးလို့ ရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့သူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။


Burma Vj

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။