MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

ရန်ကုန်တွင် TAXIခနှုန်းထားများ ပိုမိုတောင်းခံလာ


 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော အငှားယာဉ်အချို့လမ်းပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာခြင်းနှင့်ဓာတ်ဆီကားများပိုမိုများလာခြင်းများကြောင့် ယာဉ်စီးခနှုန်းထားများပိုမိုတောင်းခံမှုများပြားလာကြောင်း ရန်ကုန်မြို့ခံများနှင့်အငှားယာဉ်မောင်းများထံက  သိရှိရသည်။ 


“ပုံမှန် သုံးထောင်လောက်နဲ့ သွားနေကြခရီးကို အခု လေးထောင်လောက်ပေးစီးနေရတယ်။ နောက်ဝင်တဲ့ ချယ်ရီဝက်ဂွန်ကားတွေကလည်း ဓါတ်ဆီကားတွေဆိုပြီးပုံမှန်ဈေးထက် ငါးရာ၊ တစ်ထောင်လောက်ပိုတောင်း ကြတယ်။ ပြီးတော့အငှားယာဉ်တွေက မီတာတပ်ထားပြီး ဈေးကျတော့ သူတို့ စိတ်ကြိုက်တောင်းနေကြတာ” ဟု ရန်ကုန်မြို့နေ စတိန်းလက်စတီးလုပ်ငန်းလုပ်ကိုင်သူဦးသိန်းထိုက်က ပြောသည်။



နိုင်ငံတော်မှကားတင်သွင်းခွင့်များ ချပေးပြီးနောက် ရန်ကုန်မြို့တွင်းရှိကားစီးရေမှာ ထပ်မံတိုးပွားလာသော် လည်း ကားလမ်းကြောစနစ်
အားနည်းမှုများရှိနေခြင်းများနှင့် အချို့သော လမ်းဆုံများရှိမီးပိုင့်များတွင် မကြာ ခဏချို့ယွင်းမှုများ ရှိနေခြင်းစသည့်အားနည်းချက်များကြောင့် ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုများ မကြာ ခဏဖြစ်ပေါ်နေကြောင်းကိုလည်း တွေ့ရှိရသည်။




ရန်ကုန်မြို့တွင်းရှိ မီးပိုင့်လမ်းဆုံ နေရာအများစုနှင့် လူစည်ကားရာခရီးသည်တင် မှတ်တိုင်များတွင် စည်းကမ်း လိုက်နာမှုမရှိသောခရီးသည် တင်ကားများနှင့် လမ်းကြောပိတ်ဆို့မောင်းနှင်ကြသော ကားများ၊မိမိလမ်းကြော မဟုတ်ပဲ သူများလမ်းကြောတွင်ယူ၍ မောင်းနှင်သော
ယာဉ်များကြောင့် နေ့စဉ်လိုလို ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့်  အငှားယာဉ်မောင်းသူများ အနေဖြင့်
ကျသင့်ငွေထက် ပိုမို တောင်းခံရခြင်းဖြစ်သည်ဟု သိရသည်။




“ကျွန်တော်တို့က ဓါတ်ဆီနဲ့ မောင်းတဲ့သူတွေလေ ဓါတ်ဆီကားနဲ့ CNG ကားနဲ့ကဘယ်လိုမှ ယှဉ်လို့မရဘူး။ အခုလို ယာဉ်ကြောတွေပိတ်တော့ ပိုဆိုးတယ်။ကားခြင်းမတူပေမယ့် အုံနာကြေးက ဒီဈေးပဲ ဒါကြောင့် ပုံမှန် ဈေးနဲ့ဆိုလည်း ကျွန်တော်တို့က CNG ကားထက် ဈေးပို ယူမှရတယ်။ နိုင်ငံတော်က CNGတွေထပ်ချပေးစေ ချင်တယ်။ ဒါမှ အငှားကားတွေအတွက် ကိုက်မှာ”ဟုရန်ကုန်မြို့တွင်း   အငှားယာဉ်ပြေးဆွဲနေသူ ဦးစိုးမြင့်က ပြောသည်။



ထို့ပြင် အဆိုပါ လမ်းပိတ်မှုများကို ပြေလည်စေရန်အတွက် ဆောက်လုပ်လျက်ရှိသောစီမံကိန်းလုပ်ငန်းများမှာ ပြီးစီးရန် သတ်မှတ်ထားသည့် ကာလများထက်အချိန်ကျော်လွန်မှုများရှိနေခြင်းကြောင့် အချို့လမ်းဆုံနေရာ များ၊ချောင်းကူးတံတားနေရာများတွင် အနည်းဆုံးနာရီဝက်ဝန်းကျင်မှ
တစ်နာရီဝန်းကျင်အထိ ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် အငှားယာဉ်မောင်းသူများ၏တစ်နေ့ကားငှားခမှာ (စီးပွားကူးသန်းမှ အငှားချပေးထားသော   မော်တော် ယာဉ်များ)တစ်နေ့အတွက် ငှားခ (၈၀၀၀) ကျပ်၊ ညပိုင်းအတွက် ငှားခ(၂၀၀၀)ကျပ်နှုန်းရှိပြီး၊ ပြင်ပ ကိုယ်ပိုင်အငှားယာဉ်ထောင်ထားသူများထံမှ
တစ်နေ့ငှားရမ်းခ (ကားအပေါ်မူတည်၍) ကျပ်ငွေ (၁၅၀၀၀)မှ (၂၀၀၀၀) ကြားတွင်ရှိနေကြောင်း သိရှိရသည်။



ဇွန်လ(၁၅)ရက်နေ့တွင် ဓါတ်ဆီတစ်ဂါလံလျင် ကျပ်( ၃၅၅၀) ရှိပြီးဒီဇယ်တစ်ဂါလံလျှင် ကျပ်( ၃၇၅၀ )၀န်းကျင် ဈေးရှိကြောင်း သိရှိရသည်။



မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။