MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 19, 2012

UWSA နှင့် SSA တောင်ပိုင်း တင်းမာမှု ပြေလည်



ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များ အကြား စစ်ရေး တင်းမာမှု ၄ ရက်ခန့် အကြာ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ပြေလည်သွားပြီ ဖြစ်ကြောင်း သိရသည်။ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA-S လွယ်ကော်ဝမ်း
 တပ်စခန်းကို ယခုလ ၁၆ ရက်နေ့မှ စတင်၍ UWSA တပ်ဖွဲ့ဝင်များက သွားရောက် ၀ိုင်းထားပြီးနောက်
စစ်ရေးအရ တင်းမာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။SSA-S တပ်ဖွဲ့ဝင်များက နယ်မြေ
 ကျူးကျော်ခဲ့သည့် အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ
အခြေစိုက် သျှမ်း သံတော်ဆင့် သတင်းဌာနတွင် ဖော်ပြထားသည်။
လွယ်ကော်ဝမ်း တပ်စခန်းသည် ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင် မယ့်ဖာလွန်မြို့နယ် တဖက်ကမ်းတွင် တည်ရှိကြောင်း သိရသည်။
ယနေ့တွင် SSA-S က စာတစောင် ထုတ်ပြန်သည်။ ယင်းစာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် က UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံသို့ SSA-S တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပေးပို့သည့် စာပါ အကြောင်းအရာ အတိုင်း ဖြစ်သည်။
SSA-S က ထုတ်ပြန်သည့် ယခုစာတွင် အဖွဲ့အစည်း တခုနှင့်တခု လေးစား နားလည်သောအားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ကြ ရန်နှင့် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိရန် ကြိုးပမ်းနေကြချိန်တွင် ပိုအလေးထားသင့်ကြောင်း စသည်ဖြင့် ပါရှိသည်။
UWSA တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ရယူခဲ့သည်။
အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် UWSA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး အထူးဒေသ အမှတ် – ၂ အဖြစ် သတ်မှတ်ပေးသော ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။
ပြီးခဲ့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အစိုးရ ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ UWSA သည် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်။


 ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။