MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

Y-talk စနစ်အား အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်



နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင်ပါ ခေါ်ဆိုအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ဝန်ဆောင်မှုပေးသည့် VMG TELECOMS ကုမ္ပဏီက သိရှိရသည်။
 
Y-talk စနစ်အား မိုဘိုင်းဖုန်းများတွင် သုံးစွဲမည်ဆိုပါက VOIP ဆော့ဖ်ဝဲအခမဲ့ထည့်သွင်းပေးမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုလည်း လက်ရှိမြန်မာ့ ဆက်သွယ်ရေးမှ ပြည်တွင်းခေါ်ဆိုမှုအတွက် ရောင်းချပေးသည့် ကြိုတင်ငွေဖြည့်ကတ်စနစ်အတိုင်း အသုံးပြု ရမည်   ဖြစ်ကြောင်း
 သိရသည်။
 
”မိုဘိုင်းဖုန်းတွေကနေ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်ဖို့ မြန်မာ့ဆက်သွယ်ရေးကို လုပ်ပိုင်ခွင့် တင်ပြီးပါပြီ။ ခွင့်ပြုချက်ရ မှာပါ။ ကျတာနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် ပေးမှာပါ” ဟု VMG TELECOMS ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက   ပြောသည်။  
 
လက်ရှိတွင် Y-talk ဖုန်းခေါ်ဆို ကတ်များအား ရန်ကုန်တွင် မြို့နယ် အားလုံးနီးပါးရောင်းချ ပြီးစီးသွား ပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲနိုင်သည့် အခြားမြို့ကြီးများတွင်လည်း ဆက်လက်ရောင်းချ သွားမည် ဖြစ်သည်။
 
Y-talk စနစ်အား VMG TELECOMS ကုမ္ပဏီမှ ရတနာပုံတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့နှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး   ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ ဖော်ဆောင်ခဲ့ကာ စတင်သုံးစွဲခွင့်ကို ၂ဝ၁၂ ဖေဖော်ဝါရီလ တတိယပတ်တွင် ချပေးခဲ့သည်။
 
“ဒီလို လုပ်ပေးမယ်ဆို တာသေချာပြီဆိုရင်တော့ ကောင်းပါတယ်၊ ကျွန်တော်တို့ မိုဘိုင်းဖုန်းတွေရော၊ အိမ်တွေမှာ ပါအသုံးပြုလို ရမယ်ဆိုတော့ ကောင်းပါတယ် ” ဟု လှည်းတန်းရှိ ကိုမင်းစိုးကပြောသည်။
 
၎င်း အကောင့်ကဒ် ဝယ်ယူပြီးပါက User Name နှင့် Password ရရှိမည်ဖြစ်ပြီး၊ ဈေးကွက်အတွင်းတွင် Y-Talk ကား အက်ဖ်အီးစီ ၁ဝ တန်၊ ၃ဝ တန်၊ ၅ဝ တန် ကြိုတင်ငွေပေးကဒ်ဖြင့် ငွေဖြည့်သွင်း၍ပြည်တွင်း/ပြည်ပသို့  ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။ 


ဥာဏ်ဥာဏ် (မြစ်မခ) 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။