MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, July 9, 2012

နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပြန်လည်မြင့်တက်

၂၀၁၂ ခုနှစ် ဇွန်လနောက်ဆုံး ပတ်မှစ၍ နိုင်ငံခြားငွေ လဲလှယ်မှု ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား လျှင် ကျပ်တစ်သောင်းခွဲကျော် အထိ ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေလဲလှယ်မှုဈေးနှုန်းများမှာ ဇွန်လ ၂၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ ၀ယ်ဈေး ကျပ် ၈၇၅၊ ရောင်းဈေးကျပ် ၈၈၂၊ ယူရိုငွေမှာ ၀ယ်ဈေးကျပ် ၁၀၈၀၊ ရောင်းဈေးကျပ် ၁၀၉၈၊ စင်ကာပူ ဒေါ်လာမှာဝယ်ဈေးကျပ် ၆၈၀၊ ရောင်းဈေးကျပ် ၆၉၀ ရှိပြီး
ယခင် ငွေလဲလှယ်မှု နှုန်းထားများထက် ငွေအမျိုးအစားအလိုက် ကျပ် ၂၀ မှ ၄၀ အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိမ်ဖြူနိုင်ငံခြား ငွေလဲစင်တာမှ ကောက်ယူထားသော အချက်အလက်များအရ သိရှိရသည်။
အဆိုပါ နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ရွှေဈေးနှုန်းမှာ သိသာစွာမြင့်တက်ခြင်း မရှိဘဲ ၁၅ ပဲရည် တစ်ကျပ်သားလျှင်  ကျပ် ၆၈၀၀၀၀၊ ၁၆ ပဲရည်မှာ တစ် ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိပြီး ဇူလိုင်လ ၄ ရက်နေ့၌ ကျပ်တစ်သောင်းခွဲကျော်စီ မြင့်တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း၌ ရွှေဈေးနှုန်းအတက်အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ ရွှေဈေးနှုန်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၁၀၀၀၀၊ ၁၆ ပဲရည် မှာ တစ်ကျပ်သားလျှင်ကျပ်၇၅၈၀၀၀ အထိ အမြင့်ဆုံးဈေးနှုန်းအဖြစ် မြင့်တက်ခဲ့ပြီး မတ်လအတွင်း၌ နိုင်ငံတကာ ရွှေဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများ လိုက်ပါကျ ဆင်းလာခဲ့ကာ  မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀၊ ၁၆ပဲရည် မှာ တစ်ကျပ်သားလျှင် ကျပ် ၇၁၉၀၀၀ ရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းမှ သုံးသောင်းကျော်ဝန်းကျင် အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလတွင်မူ တစ်ကျပ်သားလျှင် ကျပ်နှစ်ထောင်ဝန်းကျင်စီ ထပ်မံကျဆင်းခဲ့ကာ မေလ ၂၈ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းခွဲအထိ ကျဆင်းခဲ့ပြီး ဇွန်လအတွင်း၌ တဖြည်းဖြည်းပြန်လည် မြင့်တက်ခဲ့ရာမှ ယခုဇူလိုင်လ၌ နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများ မြင့်တက်လာမှုနှင့် အတူ ရွှေဈေးနှုန်း သိသာစွာ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
“ ရွှေဈေးနှုန်းက အခုရက်ပိုင်းမှာပြန်ပြီး တက်လာပါတယ်။ ဒေါ်လာ က တစ်နေ့ထက်တစ်နေ့ ဖွင့်ဈေးမှာကို အရင်ကထက် ဆက်တိုက်တက်နေတာကြောင့် ဈေးနှုန်းတွေ တက်တာကြောင့် ရွှေဈေးပြန်တက်တဲ့ သဘောပါ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၃၀၀၀၀ ကျော်တွင် ရှိနေပြီး နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းများမှာ ဇွန်လ ၂၉ ရက်နေ့ ပေါက်ဈေးထက် ငွေအမျိုးအစားအလိုက် ကိုးကျပ်မှကျပ် ၂၀ ၀န်းကျင်အထိ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။
ရွှေဈေးနှုန်းများ(တစ်ကျပ်သား၊ ကျပ်)
ရက်စွဲ   ၁၅ ပဲရည် ၁၆ ပဲရည်(အခေါက်)
၁-၆-၂၀၁၂            ၆၅၇၀၀၀ ၆၉၆၅၀၀
၁၅-၆-၂၀၁၂            ၆၈၂၀၀၀ ၇၂၅၀၀၀
၂၉-၆-၂၀၁၂             ၆၈၀၀၀၀ ၇၂၀၀၀၀
၂-၇-၂၀၁၂            ၆၈၅၀၀၀ ၇၂၅၀၀၀
၎-၇-၂၀၁၂             ၆၉၃၀၀၀ ၇၃၀၀၀၀ ကျော်
၆-၇-၂၀၁၂          ၆၉၂၀၀၀ ၇၃၄၀၀၀

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။