MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, July 9, 2012

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော် ပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုသို့ နှစ်ရက်ကြာ သွားရောက်ခဲ့

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော် ပါဝင်သည့် အဖွဲ့သည် ဇူလိုင်လ ၇ရက်၊ ၈ရက် အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများ တည်ရှိရာ မြို့နယ်များဖြစ်သည့် စစ်တွေ၊ ရသေ့တောင်၊ မောင်တောမြို့နယ်များသို့ နှစ်ရက်ကြာ သွားရောက် ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်လေဆိပ်မှ
စတင်ထွက်ခွာလာကြောင်း၊ စစ်တွေလေဆိပ်တွင် ခေတ္တရပ်နားကာ ရဟတ်ယာဉ်များဖြင့် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း၊ အလယ်သံကျော် ကယ်ဆယ်ရေးစခန်း တွင် ခိုလှုံနေသူများကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း၊ ယင်းမှတစ်ရွာလုံးကို ဘင်္ဂါလီများက မီးရှို့ခဲ့သည့် မောရ၀တီကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် ဒေသခံများ၏ တင်ပြချက်ဖြစ် သည့် ခိုင်ခန့်သော နေအိမ်များဆောက်လုပ်ပေးရေးကို လွှတ်တော်ဥက္ကဋ္ဌက ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းမှမောင်တောမြို့သို့ ရောက်ရှိပြီး အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ခိုလှုံနေသူများအား အလှူပစ္စည်းများ ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြားရာတွင် မိမိတို့ဒေသဖြစ်သည့် မောင်တောမြို့နယ်မှ ရွှေ့ပြောင်းသွားခြင်း မပြုသင့်ကြောင်း၊ ဒေသလုံခြုံမှုရှိအောင် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ယခုဖြစ်စဉ်အပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ သို့ရာတွင် ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ တရားဥပဒေအတိုင်းသာ ဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းရင်းသားအရေးအတွက် အကာအကွယ်နိုင်ပေးမည့် ဥပဒေတစ်ရပ်ကို များမကြားမီ လွှတ်တော်တွင် ဆွေးနွေးသွားရန်ရှိကြောင်း
 ပြောကြားခဲ့ . . . 

ညနေပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာလာခဲ့ကြောင်း ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် ရသေ့တောင်မြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီး မေယုခန်းမတွင် ကယ်ဆယ်ရေးစခန်းများမှ ခိုလှုံနေသူများ၊ ကူတောင်ကျေးရွာမှ ဘင်္ဂါလီများ၏ သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့သူများ၏ မိသားစုများနှင့်တွေ့ဆုံကာ အားပေးစကားပြောခဲ့ကြောင်း၊ အားပေးစကားပြောကြားရာတွင် ယခုဖြစ်စဉ်အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ သို့ရာတွင် ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ တရားဥပဒေအတိုင်းသာ ဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းရင်းသားအရေးအတွက် အကာအကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို များမကြာမီ လွှတ်တော်တွင် ဆွေးနွေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် ရသေ့တောင်မြို့မှ ထွက်ခွာလာပြီး စစ်တွေမြို့သို့ရောက်ရှိကာ ဦးရဲကျော်သူကျောင်းတိုက် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ခိုလှုံနေသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း၊  ထို့နောက် သက်ကယ်ပြင်ကျေးရွာတွင်ရှိသည့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။