MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, July 9, 2012

ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံ ပညာသင်ဆုများကို မြန်မာကျောင်းသားများ လျှောက်ထားနိုင်

ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံပညာသင်ဆုများကို မြန်မာကျောင်းသားများ ပါဝင်လျှောက်ထားနိုင်ကြောင်း အဆိုပါ ပညာသင်ဆုပေးသော ၀က်ဘ်ဆိုက်များမှ သိရသည်။ ဇူလိုင်လအတွင်း လျှောက်လွှာပိတ်မည့် အာဆီယံပညာသင်ဆုများကို မြန်မာကျောင်းသားများ ပါဝင်လျှောက်ထားနိုင်ကြောင်း အဆိုပါ ပညာသင်ဆုပေးသော ၀က်ဘ်ဆိုက်များမှ သိရသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် လျှောက်လွှာပိတ်မည့် Newzeland Asean ပညာသင်ဆုနှင့် ဇူလိုင်လ ၃၀ရက်နေ့တွင် လျှောက်လွှာပိတ်မည့် ဘွဲ့ရကျောင်းသားများအတွက် စိုက်ပျိုးရေးဆိုင်ရာ သုတေသနပြုလုပ်ရန် အရှေ့တောင်အာရှ ဒေသတွင်းစင်တာ SEARCA မှပေးအပ်သည့်
ပညာသင်ဆုများကို အချိန်မီလျှောက်ထားနိုင်ကြောင်း သိရသည်။
Newzeland Asean ပညာသင်ဆုကို နယူးဇီလန် နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့က ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။ မိမိနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်စွမ်း ဆောင်ပေးလိုသူ အာဆီယံအဖွဲ့ဝင် နိုင်ငံသားများကို ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပညာသင်ဆုသည် နယူးဇီလန်တွင် နေထိုင်စဉ် နေထိုင်စရိတ်၊ ကျောင်းစရိတ်များ အားလုံးကို ပေးအပ်မည်ဖြစ်ပြီး လေယာဉ်ခကိုပါ ပေးအပ်သွားမည်ဖြစ် သည်။ လျှောက်ထားသူသည် အသက် ၄၀မကျော်သေးသော မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး နယူးဇီလန်တက္ကသိုလ်များတွင် ပညာသင်ကြားရမည်ဖြစ်ကာ အသေးစိတ် အချက်အလက်များကို http://www.aid.govt.nz တွင် ၀င်ရောက်လေ့လာနိုင် ကြောင်း သိရသည်။
SEARCA ပညာသင်ဆုရရှိလျှင် ကျောင်းလခ၊ စာအုပ်ဖိုး၊ အာမခံကြေးနှင့် ခရီးသွားစရိတ်များအတွက် ထောက်ပံ့ငွေ ရရှိမည်ဖြစ်ပြီး အစားအသောက်နှင့် နေထိုင်စရိတ်များအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ပေးအပ်သွားမည်ဖြစ်သည်။ လျှောက်ထားသူသည် ပညာရေးအဖွဲ့အစည်း၊ သုတေသနအဖွဲ့အစည်း၊ သို့မဟုတ် အစိုးရအေဂျင်စီတစ်ခုခု၏ အမြဲတမ်းဝန်ထမ်း ဖြစ်ရမည်ဖြစ်သည်။
ပညာသင်ဆု ရရှိသူများအနေနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများရှိ တက္ကသိုလ်များ ပညာရေး အဖွဲ့အစည်းများတွင် မဟာဘွဲ့၊ Ph.D ဘွဲ့များ ရယူနိုင်မည်ဖြစ်သည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။