MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, July 7, 2012

ဗကသ ခေါင်းဆောင်များ ဖမ်းဆီးခံရသည့်ကိစ္စ ၈၈ မျိုးဆက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

2012-07-06
သမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရတဲ့ ဇူလိုင်လ ၇ ရက်နေ့ seven july အခမ်းအနား မတိုင်မီ မနေ့က ဗကသ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၈၈ မျိုးဆက် ရုံးခန်းတွေကို ၀င်ရောက်ရှာဖွေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်နေချိန်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မနေ့ ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
RFA
ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား မတိုင်မီ ဗကသ ကျောင်းသား ခေါင်းဆောင်များအား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်က ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာ အမိုးအကာအောက်မှာ အေးချမ်းစွာ အခမ်းအနား
ကျင်းပတယ်ဆိုတဲ့ အလေ့အကျင့်မျိုးကို တားဆီးပိတ်ပင်တာဟာ မလိုလားအပ်တာတွေ ဖြစ်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
"ကျွန်တော် အခုပြောချင်တာကတော့ ခဏပဲခေါ်ခေါ်ပေါ့။ ဘယ်လိုပဲပြောပြောပါ။ ကျွန်တော်တို့တုန်းကလည်း ခဏဆိုပြီးတော့ ၁၆ နှစ်ကြာခဲ့တာပဲ။ အခုလည်း တကယ့်တကယ် ဒီနေ့ခေါ်သွားပြီး နောက်နေ့ ပြန်လွှတ်တယ် ဆိုရင်တောင်မှ ဖမ်းတာဟာ ဖမ်းတာပဲဗျ။ လူတစ်ယောက်ကို မေးစရာရှိတယ် ဆိုလို့ရှိရင်တောင် တော်တော်တရားလွန်နေပြီဗျ။ အဲတာမေးစရာရှိတယ်ဆိုတာကို ကိုယ့်အိမ်ကိုယ့်ယာမှာ မေးပြီးပြန်သွားတာ မဟုတ်ဘဲ လူကို ခေါ်သွားတယ် ဆိုကတည်းကနော် ဒါဖမ်းတာ ဖမ်းတာပဲ။ နာရီပိုင်းဖမ်းလည်း ဖမ်းတာပဲ။ ရက်ပိုင်းဖမ်းလည်း ဖမ်းတာပဲ။ အဲတော့ သေချာတာကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ ကျွန်တော်တို့ကိုယ်တိုင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့ အချိန်မှာ အဲဒီလက်ရှိ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်အချို့ဟာ အတားအဆီးနဲ့ စပြီးတော့ မလိုလားအပ်တဲ့ အခြေအနေတစ်ခု တာစူနေပြီဆိုတာကတော့ အားလုံးမြင်တွေ့နိုင်ပါတယ်"
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားတာမျိုးကို မလိုလားပေမယ့် ဒီမိုကရေစီ အခွင့်ရေးတွေကို ငြိမ်းချမ်းစွာ ဖော်ဆောင်ခွင့် ပိတ်ပင်ခံရတဲ့ အထိတော့ လက်မခံနိုင်ဘူးလို့ ကိုမင်းကိုနိုင်က ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းဖို့ ကြိုးစားမယ်။ သို့သော်လည်း ကျွန်တော်တို့ ထိန်းသိမ်းတယ်ဆိုတဲ့ အရာဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးစည်းဖြစ်တဲ့ ငြိမ်းချမ်းစွာ အခမ်းအနား ကျင်းပတာမျိုး၊ ငြိမ်းချမ်းစွာ ဖော်ဆောင်တာမျိုးရဲ့ နောက်ကိုတော့ ကျွန်တော်တို့ ဆုတ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် မနက်ကျရင် ကျွန်တော်တို့ အခမ်းအနားကို မဖြစ်ဖြစ်အောင် ကြိုးစားမယ်။ နောက်ဆုံး တစ်ယောက်တည်းကျန်ရင် တစ်ယောက်တည်း အခမ်းအနားကို ကျင်းပမယ်"
မနေ့က သောကြာနေ့ ညပိုင်းမှာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်တို့ အပါအ၀င် မြန်မာပြည်အနှံက ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၂၀ ကျော်လောက်ကို အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းကိုလည်း ၀င်ရောက်ရှာဖွေခဲ့ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေကတော့ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဖြစ်အောင် ကျင်းပသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။