MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, July 1, 2012

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားရေး ဆိုင်ရာများ အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီကို ဇွန်လအတွင်း ဖွဲ့စည်း

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွား ရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို နိုင်ငံတော် သမ္မတရုံးမှ ဇွန်လ၁၃ရက်နေ့ ထုတ်ပြန်ချက်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး နယ်ပယ်စုံမှ ပညာရှင်များနှင့် လုပ်ငန်းရှင် အချို့ပါဝင်ကြောင်း သတင်းရရှိပါသည်။
“ကျွန်တော်တို့က လူမှုစီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပြုဆောင်ရွက်သွားမှာပါ။ ရန်ကုန်တက္ကသိုလ်
ရိပ်သာလမ်းမှာ ရုံးဖွင့်ဖို့ ပြင်ဆင်နေတယ်။ လောလောဆယ်တော့ အဖွဲ့ထဲက ပညာရှင်တွေရဲ့ ရုံးတွေမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်”ဟု အဆိုပါအကြံပေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတင်ထွဋ်ဦးက ပြောပြပါသည်။
“နာယကတစ်ဦး၊ ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနဲ့ အဖွဲ့ဝင် ၁၄ ဦးတို့နဲ့ ဖွဲ့စည်းခဲ့တာပါ။ လျာထား စာရင်းအပြင်က အမျိုးသမီးပညာရှင်တစ်ဦး ထပ်တိုးတယ်”ဟု အကြံပေး အဖွဲ့တွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။
အကြံပေးအဖွဲ့တွင် နာယက အဖြစ် ပါမောက္ခဦးမော်သန်း (ပါမော က္ခချုပ်(ငြိမ်း) ရန်ကုန်စီးပွားရေး တက္ကသိုလ်)၊ ဥက္ကဋ္ဌအဖြစ် ဦးတင်ထွဋ်ဦး(CEO- ARDC)၊ အတွင်းရေးမှူးအဖြစ် ဦးဆက်အောင် (နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်)တို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ကော်မတီအား အဖွဲ့ဝင်များအပါအ၀င် စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီတွင် ပါဝင်သူများ
စဉ် အမည်  တာဝန် ပညာရှင်/ကုမ္ပဏီ
ဦးမော်သန်း           နာယက ပါမောက္ခချုပ်(ငြိမ်း)၊ စီးပွားရေးတက္ကသိုလ်
ဦးတင်ထွဋ်ဦး             ဥက္ကဋ္ဌ (CEO- ARDC)
ဦးဆက်အောင်         အတွင်းရေးမှူး နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေး
ဒေါက်တာအောင်ထွန်းသက်    အဖွဲ့ဝင် ပါမောက္ခ
ဦးသန်းလွင်  အဖွဲ့ဝင် ဒု-ဥက္ကဋ္ဌ(ကမ္ဘောဇဘဏ်)
ဒေါ်ခင်စန်းရီ အဖွဲ့ဝင် တာဝန်ခံ ပါမောက္ခချုပ် စီးပွားရေးတက္ကသိုလ်
ဒေါက်တာကျော်ရင်လှိုင် အဖွဲ့ဝင် ဟောင်ကောင်တက္ကသိုလ်
ဦးတင်မောင်သန်း အဖွဲ့ဝင် Myanmar Egress
ဦးဝင်းအောင် အဖွဲ့ဝင် ဥက္ကဋ္ဌ၊UMFCCI ၊ (Dagon International Co.,Ltd)
၁၀ ဦးလှမောင်ရွှေ အဖွဲ့ဝင် ဒု-ဥက္ကဋ္ဌ၊ UMFCCI ပြည့်ဖြိုးကျော်ကုမ္ပဏီလီမိတက်၊ Myanmar Egress
၁၁ ဦးသောင်းတင် အဖွဲ့ဝင် ဒု-ဥက္ကဋ္ဌ၊ UMFCCI (KMD)
၁၂ ဒေါက်တာကိုကိုကြီး အဖွဲ့ဝင် Diamond Star Co.,Ltd
၁၃ ဒေါက်တာဇော်ဦး အဖွဲ့ဝင် ဗဟုဖွံ့ဖြိုးရေး အဖွဲ့
၁၄ ဦးသီဟန်မျိုးညွှန့် အဖွဲ့ဝင် ဥပဒေပညာရှင်
၁၅ ဦးခင်မောင်အေး အဖွဲ့ဝင် ဖွဲ့ဝင် (ဥက္ကဋ္ဌ၊ CB Bank)၊ Kaytumadi iSolution Limited
၁၆ ဦးမိုးကျော် အဖွဲ့ဝင် (MMRD)
၁၇ ဒေါက်တာဒေါ်ရင်ရင်လှ အဖွဲ့ဝင် UN



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။